5 U/Z

3K 63 1
                                    

Uni

💓တော်မဝင်သည့် တော်ဝင်ပန်း💓

💓အပိုင်း ၅💓

မင်္ဂလာဆောင်ပြီးသည့် ညမှ စ၍ ဥက္ကာ နှင့် တော်ဝင် ဖာသိဖာသာ နေခဲ့ကြသလို ဖတ်လည်တကင်း သိပ်မရှိတော့ပေ

တစ်နေ့ စျေးကို အသွား ယုယတို့ အထည်ဆိုင်ရှေ့ အရောက်တွက်

"အား"

လူက မိုက်ခနဲ့ ဖြစ်ကာ ပစ်လှဲတော့မည် အထိပင်

"တော်ဝင်"

သူမ ခန္ဓာကိုယ်လေးကို လဲမကျအောင် ဝင်ထိန်းလိုက်သူက ယုယပင်

"ဟင် ယု ယုယ"

တော်ဝင်ကို စိုးရိမ်တကြီး ကြည့်နေသော ယုယ

ယုယ သူမ ကို ခေါင်းညိမ့်ပြလိုက်ပြီး

"နင် နေမကောင်းဘူးလား တော်ဝင်"

တော်ဝင် ခန္ဓာကိုယ်လေးကို ပြန်မတ်လိုက်ပြီး

"နည်းနည်းပါ ခေါင်းနည်းနည်းမူးနေလို့"

"မောင် အယ်"

မောင် ဟူသော နာမ်စားလေး တစ်ခုကို ယုယ ခေါ်မိပြီးကာမှ နှုတ်ခမ်းတစ်စုံကို အမြန်ပိတ်လိုက်မိလေသည်

"ရပါတယ် ယုယ ငါ့ကို အားမနာပါနဲ့"

မချိပြုံးဖြင့် ခွင့်လွှတ်ရှာလေသူက တော်ဝင်ပင်

ယုယ  တော်ဝင်ကို ငေးငေးလေးကြည့်ရင်း

"ငါတို့ ဆေးခန်းသွားကြမယ်"

"နေပါစေ ရပါတယ်"

ယုယ  တော်ဝင်ကို ကူတွဲရင်း

"နင် ငါ့ကို မခင်ဘူးလား မချစ်ဘူးလား တော်ဝင်"

"ချစ်လဲ ချစ်တယ် ခင်လဲ ခင်ပါတယ်"

"အဲ့ဒါဆို စကားမများနဲ့ ငါ့နဲ့ လိုက်ခဲ့"

ယုယ တော်ဝင်ကို တွဲခေါ်ရင်း စျေးထိပ်ဆေးခန်းလေး သို့ ဦးတည်လျှက်~~~~~
             ။       ။

တော်ဝင် စိတ်တွေ အရမ်းလှုပ်ရှားနေမိလေသည်

သူကို ပြောပြလျှင် ဘယ်လိုနေမည်လဲ တွေးရင် ရင်တွေမောနေရလေသည်

ခဏကြာတော့ လေတချွန်ချွန်ဖြင့် ဥက္ကာ အိမ်ထဲဝင်လာသည့်ကို တွေ့လေတော့

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now