18 U/Z

2.1K 41 1
                                    

Uni

🍃တော်မဝင်သည့်တော်ဝင်ပန်း🍃

🍃အပိုင်း ၁၈🍃

မိခင်တစ်ဦး၏ ပြုစုပျိုးထောင်မှုကြောင့် မိန်းမသားတစ်ယောက်၏ ဘဝကို ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းနိုင်ခဲ့ပါပြီ။ ဟိုယခင်က ပျိုမြစ်နုနယ်သော ကလေး တစ်ဦးဆိုသော်လည်း အခုချိန်မှာတော့ စူးရှထက်မြတ်ပြီး ကျက်သရေ အဖြာဖြာပြည့်စုံလေသော မရှိနွမ်းပါးလှသူ မေတ္တာရှင်မလေး မီးအိမ်ရှင်မလေး တဖြစ်လဲ နှလုံးသားလှသည့် ဒေါက်တာမလေး လွမ်းရိပ်ပြယ် ဘဝကို သူမ ခုံမင်နေမိပါပြီ။

၁လတစ်ခါလောက် ဖခင်ဖြစ်သူကို သွားတွေ့တတ်ပြီး အဖွား၏ ကျန်းမာရေးအခြေအနေအားလည်း ကြည်ရှုပေးသည့်မှာ အပတ်တိုင်းပင်။ သူမ ချစ်ရလေသော မေမေကတော့  ဟိုယခင် နေခဲ့ဖူးသော ရပ်ကွက်လေးထဲမှာသာ သူမနှင့် အတူနေထိုင်လျှက်ပင်။

အယ် သူမ၏ ဆရာ ဦးအာကာတစ်ခွင်ကတော့  မေမေ အား လက်ထပ်ခွင့် တောင်းသည့် အချိန် မေမေ လက်မခံလေသဖြင့် နိုင်ငံခြားထွက်သွားသည် ဟုသော သတင်းမှ လွှဲ၍ ဘာတစ်ခုမျှ မသိခဲ့ရပေ။

လွမ်းရိပ်ပြယ် ဆိုသော သူမ ဘဝလေးက ကန်ရေပြင်လို တည်ငြိမ်ပြီး တကယ်ကို အေးချမ်းလျှက်ပင်။

"သမီး မေမေ ရှိလား"

အိမ်ရှေ့ မေးသံကြောင့် လွမ်း ကြည့်မိလေတော့ သူမ၏ ဆရာမ ဖြစ်ခဲ့လေသော ဆရာမ မေယုယ နှင့် သူမ၏ ခင်ပွန်း ဖြစ်သူ ဦးနောင်နောင်ပင်။

"ရှိပါတယ် ဆရာမ  အန်ကယ်ရော ဆရာမရော ထိုင်လေ လွမ်း မေမေကို ခေါ်လိုက်ဦးမယ်နော် ဆရာမ"

"ခေါ်စရာမလိုပါဘူး သမီးရယ် ယုယ တို့ အသံကြားလို့ မေမေက အပြင်ထွက်လာတာ"

"ငါ သူငယ်ချင်းက ကျန်းမာနေတာ လှလို့ပလို့"

ဒေါ်ယုယ စကားကြောင့် ဒေါ်တော်ဝင်ပြုံးလိုက်ပြီး

"သိပ်လဲ မြှောက်မနေနဲ့ မိုးပေါ် မြှောက်တက်သွားဦးမယ် ဒါနဲ့ အလယ်လာတာလား ကလေးတွေရော"

"အင်း ဆိုပါတော့ အလည်ပဲ မရောက်တာ ကြာလို့ အရင်အိမ်လေး လာပြန်ကြည့်ရင်းပေါ့  သားနဲ့ သမီးက သူအဖွားနဲ့ နေခဲ့တယ်  "

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now