2 U/Z

3.9K 86 0
                                    

Uni

💓တော်မဝင်သည့် တော်ဝင်ပန်း💓

💓အပိုင်း ၂💓

"တော်ဝင် ဘာဖြစ်နေတာလဲ မျက်နှာလဲ မကောင်းပါလား"

ယုယ ကျောင်းက အပြန်တော်ဝင်တိုါ အိမ်ဘက်ကူးလေတော့ မှိုင်တွေငေးမှိုင်နေသော တော်ဝင်ကြောင့် စိတ်ပူ၍ မေးမိခြင်းပင်

"ဘာမှမဖြစ်ပါဘူး ဟာ ဒါနဲ့ နင်တူမ အခြေအနေ"

ယုယ  တော်ဝင်ကို သေချာအကဲခက်မိတော့

"နင်ငိုနေတာလား တော်ဝင်"

တော်ဝင် ကိုယ့် ပါးကိုကိုယ့် ကပျာကယာစမ်းရင်း

"မငိုပါဘူးဟာ"

ယုယ သူမကို စေ့စေ့ကြည့်ကာ

"မလိမ်တတ်ဘဲ လိမ်နေပြန်ပြီ တော်ဝင် နင် ဥက္ကာနဲ့ တွေ့ခဲ့တာလား"

"ဟင်"

ရုတ်တရတ်မေးလိုက်သော  ယုယ​စကားကြောင့်  တော်ဝင် ရင်ထဲ ဝမ်းနည်းမှုတွေ လှိုက်တက်လာရလေသည်

"မတွေ့ မတွေ့ပါဘူးဟာ"

ယုယ သက်ပြင်းကို ဖွဖွရှိုင်းရင်း

"နင်နဲ့ ငါငယ်ပေါင်းတွေပါ တော်ဝင် တစ်ယောက်အကြောင်း တစ်ယောက်အသိတွေ နင် ဘာကြောင့် ဥက္ကာနဲ့ ပတ်သတ်ပြီး ပျော့ညံ့နေရတာလဲ တော်ဝင်ရယ်"

တော်ဝင် မျက်ရည်တွေ အိခနဲ ပြိုဆင်းလာကာ

"အချစ်မပါတဲ့ အိမ်ထောင်ရေး တစ်ခုကို ထူထောင်ခဲ့မိတာကိုက မှားခဲ့တာပါ ငါဟာ အခုချိန်မှာ ဥက္ကာရဲ့ ဇနီး မဟုတ်တော့သလို ဥက္ကာဟာလဲ ငါ့ခင်ပွန်း မဟုတ်တော့ပါဘူးဟာ ပြီးတော့ ဟိုအရင်ချိန်တွေထဲက ဥက္ကာချစ်ခဲ့တာ နင်ကိုလေ"

ငိုနေသော သူငယ်ချင်းကို သနားရတာ တစ်ဖက် ဟိုသကောင့်သားကို ဒေါသဖြစ်ရတာ တစ်ဖက်

ဘယ်နှယ်တော် ၁၅ နှစ်လုံး ပျောက်နေပြီ အခုမှပြန်ပေါ်လာရတယ်လို့

ပြန်ပေါ်လာတော့လည်း ကောင်းကောင်းမနေ
တော်ဝင်ကို ဘာတွေစိတ်ဒုက္ခ ပေးပြန်တယ် မသိ

တော်ဝင်ကလည်း မေးရင် ဖြေမည့်သူ မဟုတ်တော့ ခက်ချေပြီ

"တော်ဝင် အချစ်တစ်ခုနဲ့ ဘဝကို ပြီးပြည့်စုံတယ် နင်ထင်လား မပြည့်စုံဘူး တော်ဝင်   အခုငါ့တို့ အသက်အရွယ်မှာ အချစ်ကို ဘုရားထူးပြီး ကိုးကွယ်နေဖို့ မလိုတော့ဘူး ငါ့ကို ဥက္ကာပြန်ချည်းကပ်လာရင်တောင် ငါ့လက်ခံမယ် ထင်လား လက်မခံတော့ဘူး တော်ဝင် ဘာလို့လဲ သိလား ဥက္ကာဟာ ငါ့ရဲ့ သူငယ်ချင်းပဲ ဒါပြင်ဆင်ခွင့်မရတော့တဲ့ အရာပဲ တော်ဝင်"

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now