.........................................
ဒိုင်းးဒိုင်းး
"ကြီးမေ!!!"
အောက်ထပ်သို့ အကာအကွယ်မဲ့
ရောက်ချလာခဲ့ပြီးခါမှ ရုတ်တရက်
အောက်ထပ်ကနေ ထွက်ပေါ်လာသော
သေနတ်သံ
ကျယ်ကျယ်လောင်လောင်များကြောင့်
အပေါ်ထပ်သို့ ပြန်ပြေးတက်လာခဲ့ရပြန်သည်။
အထပ် သုံးထပ်ရှိသည့်အိမ်ကြီးဖြစ်၍
ဒုတိယထပ်မှာတင် ဗိုက်အား
ထိန်းကိုင်ထားရင်း
ခပ်ဝပ်ဝပ်ကလေး ရပ်နေမိသည်။စောစောလေးတင်က သေနတ်သံ
ကျယ်ကျယ်လောင်လောင်များကြောင့်
နှလုံးရပ်မတက်ဖြစ်သွားခဲ့ရသည်။
အသား တဆတ်ဆတ်တုန်၍
ခြေတောက်တို့ပင် ယိုင်နဲ့နဲ့ဖြစ်ချင်နေသည်။
အသက်မှန်မှန်ရှူရဲပေမဲ့ လက်ရှိနေရာက
လုံခြုံရဲ့လားဆိုတာ ဘေးဘီပတ်ပတ်လည်ကို
လှည့်ပတ်ကြည့်ရသေးသည်။
တော်သေးသည် ဒုတိယထပ်မှာကော
အပေါ်ဆုံးထပ်မှာပါ ကိုရှိန်ထက်
တပည့်များ မရှိကြ။ဒိုင်းဒိုင်းးး
အောက်ထပ်တွင် သေနတ်သံများ
အဆက်မပြတ် ထွက်ပေါ်နေ၏။
အခြားလူများနှင့် ကိုရှိန်ထက်တို့အဖွဲ့
သေနတ်ပစ်ခတ်နေကြတာ ဖြစ်မည်။
သူတို့ပစ်ခတ်နေချိန် ထွက်ပြေးရန်
အခွင့်ကောင်းတစ်ခုရသော်လည်း ကိုယ်က
အရင်လို လွတ်လွတ်လပ်လပ်မဟုတ်နေတော့။
ဗိုက်အား တစ်ခုခုနှင့် ထိခိုက်သွားမည်ကို စိုးရိမ်သည်။ ထို့ကြောင့်ပဲ
အပေါ်ဆုံးထပ်သို့ ပြန်တက်ရမည်လိုလို၊
အောက်ထပ်သို့ ပြန်ဆင်းရမည်လိုလိုနှင့်
ယောင်တိယောင်တောင် ဖြစ်လို့နေသည်။"အကိုလေး ကျွန်တော်တို့နဲ့လိုက်ခဲ့"
"ဟမ်း!! နေ နေပါဦး။
မလိုက်ဘူး ငါ့ကို လွှတ်!!"အနက်ရောင်ဝတ်စုံအပြည့်ဝတ်ဆင်ထားသည့်
bodyguard သုံးယောက်သည် တိမ်ယံကို
ဒုတိယထပ် လှေကားရင်းပေါ်ကနေ
အောက်ထပ်ရှိ မြေအောက်အခန်းထဲသို့
ဘာမပြောညာမပြောနှင့်
မြန်မြန်ဆန်ဆန် ဆွဲခေါ်သွားကြသည်။
တိမ်ယံ ထိတ်လန့်ကြောက်ရွံ့စွာ
အသည်းအသန် ရုန်းကန်သော်လည်း သူ့ကို
ဖမ်းချုပ်ထားသော
bodyguardသုံးယောက်သည်
အလွန်သန်မာလွန်း၏။ ထို့ကြောင့်
အမှောင်ရိပ်ကျနေသော
မြေအောက်အခန်းထဲကို သူ
ယက်ကန်ယက်ကန်နှင့် လိုက်ပါသွားခဲ့ရသည်။
YOU ARE READING
I Hate You
FantasyWarning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။