အခန်း ၁၀

686 120 3
                                    

ထူးဆန်းသော ကုရွှမ်

ထုန်ရှောင်းစုန့်သည် အိပ်ရာထက်တွင်လဲနေရင်း အပေါ်ကုတင်မှ သစ်သားပြားကြီးကို ကြောင်သက်စွာနှင့် ငေးမောနေခဲ့၏။ တောက်ပသောမီးရောင်က ဖွင့်ထားဆဲရှိပြီး သူဟာ မီးကို ပိတ်ဖို့ရန်အတွက် မဝံ့ရဲပါချေ။

ကျောင်းခေါင်းဆောင်အသင်းက နောက်ဆုံးမတော့ သူ့ကို အခြားအဆောင်တစ်ခုသို့ပြောင်းပေးဖို့ စီစဥ်ပေးမည်ဟု ပြောလာသည်။

သို့ငြား ရုတ်တရက်ဖြစ်ပေါ်လာသည့် သဘာဝမကျသည့်ဖြစ်ရပ်များကြောင့် သူ့ကို ချက်ချင်းနေရာရွှေ့ဖို့ရန်အတွက် နေရာလွတ်ကလည်း မရှိလေသဖြင့် သူတို့က နေရာတစ်ခု မလစ်လပ်သေးခင်အထိ ဤအဆောင်ခန်းထဲတွင်သာ ရက်အနည်းငယ်လောက် နေခိုင်းဖို့ကို ဆုံးဖြတ်လိုက်ကြသည်။

သူ စိတ်ဓါတ်ကျကာ တစ်ခုခုဖြစ်မှာကို စိုးရိမ်သဖြင့် ကျောင်းခေါင်းဆောင်အသင်းက သူ့ကို ပတ်ပတ်လည်ဝန်းရံထားပြီး ဂရုစိုက်မှုလိုအပ်နေသည့် ကလေးလေးတစ်ယောက်လို ဆက်ဆံနေခဲ့ကြလေသည်။

သူတို့က နူးညံ့သိမ်မွေ့သည့် အစ်မကြီးတစ်ယောက်လို စိတ်ပညာရှင်တစ်ဦးကိုပါ ခေါ်ဆောင်ခဲ့ကြသည်။

ဤအဆောင်ခန်းထဲတွင် စိတ်ပညာရှင်က သူနှင့်အတူ အကြောင်းအရာများစွာကို အတော်ကြာသည့်တိုင်အောင် ပြောကြားခဲ့ကြသည်။

သူတုန်ယီပြီး ငိုကြွေးလာချိန်မှ ရပ်လိုက်ကြတာဖြစ်သည်။

စကားပြောနေရင်းဖြင့်ပင် လူတစ်ယောက်သေဆုံးခြင်းဟာ လူ့လောကကနေ မရှိတော့သည်သာဖြစ်ကြောင်း သူ ခံစားလာရ၏။

ထိုသို့ ဆိုကာမှ သေခြင်းတရား၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် လေးနက်ပြီး ဝမ်းနည်းလာလေသည်။

သူသည် သူ့ကို အနိုင်ကျင့်ခဲ့တုန်းက ထိုသုံးယောက်၏မျက်နှာများထက်က ရွံစရာအမူအရာကိုတောင် ပြန်တွေးမိသည်။ ထိုအချိန်တုန်းက သူတို့၏မျက်နှာက ခုထက်ပင်ပို၍ ရွံစရာကောင်းပေသည်။

မကောင်းမှန်းသိသော်လည်း စိတ်ပညာရှင်ဆရာဝန်၏ လမ်းညွှန်မှုအောက်မှာပင် သူဟာ လက်စားချေလိုက်ရသလို ကျေနပ်မှုအား မနေနိုင်စွာ ခံစားလိုက်ရသည်။

ငါ့ချစ်သူက တစ္ဆေတစ်ကောင်တဲ့လား(ဘာသာပြန်)Where stories live. Discover now