Chapter 16

464 99 1
                                    

ကျီးရှန်

ညစာစားပြီးသည့်နောက် ထုန်ရှောင်းယန့် သည် သူမအမေကို ပြောလိုက်သည်။

''မေမေအိမ်မှာ တစ်ယောက်တည်းနေခဲ့ဦးနော်။ ကျွန်မရှောင်းစုန့် နဲ့ တောင်ပေါ်သွားတက်ဦးမယ်။ ခဏနေကျ ပြန်လာခဲ့မယ် ''

မေမေထုန်က ပြုံးလိုက်၏။

'' ငါ တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီမှာကြည့် ငါ့ကို အဖော်ပြုပေးမဲ့ တစ်ယောက်ယောက် ရှိနေတယ်လေ ''

ထုန်ရှောင်းစုန့်၏မျက်နှာက ဖြူလျော်သွားက ကြောက်လန့်တကြားနှင့် ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်သည်။

ထုန်ရှောင်းယန့်ကတော့ သက်ပြင်းချလိုက်ရင်း တံခါးကို သော့ခတ်လိုက်လေသည်။

''စိုးရိမ်မနေပါနဲ့။ နင်အိမ်မှာ မရှိတုန်း မေမေ့အခြေအ​နေက ပိုဆိုးလာတာ။ ငါ့အမှားလည်းပါပါတယ်။ သူ့ကို တချိန်လုံး အမှောင်ခန်းထဲပဲ ထားခဲ့ရတာဆိုတော့........''

ထိုစကားကိုကြားသော် ထုန်ရှောင်းစုန့် က အလျင်စလို ခေါင်းခါလိုက်ပြီး

'' မဟုတ်တာ။ မမရဲ့အမှား ဘယ်ဟုတ်မလဲ။ ကျွန်တော့်ကြောင့်ပါ။ တကယ်လို့များ ကျွန်တော်သာ.......''

''ရှောင်းစုန့် ''

ထုန်ရှောင်းယန့်သည် သူမမောင်၏ခေါင်းထက်သို့ ခပ်ဖွဖွ ခေါက်လိုက်ပြီး အပြုံးတစ်ပွင့်နှင့် ကြိမ်းမောင်းလိုက်သည်။

'' နင်ပညာရေးမှာ အောင်မြင်တာကမှ အကြီးမားဆုံးအကူအညီပဲပေါ့ကွယ် ''

ထုန်ရှောင်းစုန့်ကမူ ခေါင်းငုံ့ထားပြီး နှုတ်ဆိတ်နေမိလေသည်။

သူ ညံ့ဖျင်းသောကြောင့်သာ သူ့အစ်မနှင့်အမေဖြစ်သူ၏ဘဝကို ပိုခက်ခဲနေစေတာ ဖြစ်၏။

ဤအခြင်းအရာနှင့် နှိုင်းယှဥ်ကြည့်ပါက ကျောင်းတွင် သူသည်းခံနေရသည့် အခက်အခဲဟူသည်က စာပင်မဖွဲ့လောက်ချေ။

သူသည် တနေကုန် အခန်းမှောင်ကြီးထဲတွင်မနေရသလို ခြစ်ခြစ်တောက်ပူနေသည့် နေမင်းကြီး၏အောက်တွင် တနေကုန်လုံး သူ့ပုခုံးထက် ပစ္စည်းများသယ်နေရသည်မဟုတ်ခဲ့။

ငါ့ချစ်သူက တစ္ဆေတစ်ကောင်တဲ့လား(ဘာသာပြန်)Where stories live. Discover now