အခန်း ၁၂

643 111 4
                                    

ကြေးနီဇလုံ II

သူ့မျက်လုံးတို့က ပြူးကျယ်သွားသည်။ ခုနကတုန်းက ဘာအမွှေးတိုင်မှ မရှိခဲ့တာ သူသေချာသည်။ အမွှေးတိုင်အိုးဟာ ဗလာဖြစ်နေခဲ့သည်ပင်။

မဟုတ်မှ သူမမြင်ရတဲ့ လူက အခန်းထဲက ထွက်လာပြီး အမွှေးတိုင်လာထွန်းသွားခဲ့တာလား။

ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာတဲ့လဲ။........

ထုန်ရှောင်းစုန့်၏စိတ်က မနေ့ညက မြင်ကွင်းအား တစ်ဖန်ပြန်လည်မြင်ယောင်လာပြီး သူ့ခန္ဓာကိုယ်က အလိုမတူစွာဘဲ တုန်ရီလာသည်။

မဖြစ်နိုင်တာ တကယ်ကြီး တစ္ဆေရှိတာလား။

ကုရွှမ်က ထိုအရာကို သူ့ကို လာယူခိုင်းတာ အံ့သြစရာမရှိတော့။ ကောင်းသောအရာတော့ မဖြစ်တန်ရာ။

သူခက်ခက်ခဲခဲနှင့် တံတွေးမြိုချလိုက်ပြီး အသံကျယ်ကျယ်ပြုမိမည်ကိုပင် စိုးရိမ်မိနေသည်။ မမြင်ရသောသူက ယခုထက်ထိတိုင် ပြန်တက်မလာသေးသည်ကို အခွင့်ကောင်းယူပြီး သူသည် ဖွင့်ထားသည့် တံခါးထံသို့တိတ်တဆိတ်နှင့်တိုးကပ်သွားလိုက်သည်။

အခန်းက အိပ်ခန်းတစ်ခန်းပင်ဖြစ်ပြီး ကုတင်ပေါ်က စောင်က ယခုလေးတင် ထိုနေရာ၌ လူအိပ်သွားသည့်အလား ခေါက်ထားပြုထားခြင်းပင် မရှိသေးချေ။

သူသည် အချိန်အကြာကြီး ဆွဲနေဖို့ မဝံ့မရဲဖြစ်နေလျက် အလျင်စလို အိပ်ရာအောက်ထဲသို့ကြည့်ရန် ငုံ့ကိုင်းလိုက်၏။ အဝါရောင်အလင်းလေးက ဖျတ်ခနဲလင်းလာပြီး ကြေးနီရောင်ဇလုံလေးက အိပ်ရာအောက်၌ပင် ရှိနေလေသည်။

အလွန်ကိုမှ ကံကောင်းလှသည်။

ထုန်ရှောင်းစုန့်က အလျင်အမြန် လက်ဆန့်လိုက်ပြီး ကြေးနီဇလုံကို ဆွဲထုတ်လိုက်သည်။ အနီးကပ်ကြည့်မနေတော့ဘဲနှင့် သူဟာ ဇလုံကို ထွေးဖက်လိုက်ပြီး အောက်ထပ်သို့ ပြေးဆင်းသွား၏။

တဒုန်းဒုန်းမြည်သံက အိမ်ထဲတွင် ပဲ့တင်သံထပ်နေလျက် ရှိသည်။

ရုတ်တရက် တစ်​ယောက်ယောက်က ကုလားထိုင်ကို တိုက်မိသကဲ့သို့ ကျွိခနဲမြည်သံ ထွက်ပေါ်လာပြီး ထိုနောက်မှလိုက်၍ ဖန်ခွက်ကွဲသံ ထွက်ပေါ်လာလေသည်။

ငါ့ချစ်သူက တစ္ဆေတစ်ကောင်တဲ့လား(ဘာသာပြန်)Where stories live. Discover now