အခန်း ၁၃

636 110 11
                                    


ကျောင်းဆောင်ဟောင်းကြီးဆီသို့တစ်ဖန်

အမှောင်ထုထဲ၌ တစ်ခုခုက ရွေ့လျားနေသည့်နှယ်။

ထုန်ရှောင်းစုန့်သည် သူ့မျက်လုံးတို့ကို ပြူးကျယ်ကာ ဖွင့်ထားပြီး သူ့အသက်ရှူသံတို့က အကြောက်တရားကြောင့် အရှိန်တို့ မြန်နေ၏။

နောက်ဆုံးတော့ သူသည် အမှောင်ထဲ၌ ရှိသည့်အရာကို မြင်လိုက်ရသည်။ ၎င်းက လူတစ်ယောက်ပင်။

တိတိကျကျဆိုရပါလျှင် လူ၏ပုံရိပ်တစ်ခုဖြစ်ပြီး ပိုမိုတိုးကပ်လာကာ သူ့အိပ်ရာထက်သို့ တွယ်တက်လာ၏။

သူသည် အကြီးအကျယ်ကို ပင့်သက်ရှိုက်ထားမိပြီး သူ့ခန္ဓာကိုယ်ကမူ တစ်လက်မသော်မျှ ရွေ့လို့မရနိုင်ခဲ့ချေ။

ထိုပုံရိပ်က ချဥ်းကပ်လာသောအခါ နောက်ဆုံးတော့ ကြေးဇလုံမှ အနံ့တို့က အဘယ်ကြောင့် အလွန်ကိုမှ ရင်းနှီးနေရသလဲဆိုတာကို သူမှတ်မိသွားပြီဖြစ်သည်။

တစ်နေ့ညက ကျောင်းဆောင်ဟောင်းကြီးထဲတွင် သူ့ကို အနှောင့်အယှက်ပေးခဲ့သည့် လူတွင်လည်း တူညီသည့် ဖျော့တော့တော့ ရနံ့တို့ရှိနေခဲ့ခြင်းပင်။

ပုံရိပ်က ပို၍ပို၍ နီးကပ်လာခဲ့သည်။

သူသည် ထိုပုံရိပ်၏အလေးချိန်ကိုပင် ခံစား၍ရ၏။

ပုံရိပ်က သူ့မျက်နှာနှင့် ကပ်လုနီးပါး တိုးလာသည့်တိုင် ထိုပုံရိပ်က အမှောင်ထုထဲ၌သာ ရှိနေသည့်အလား သူဘာကိုမှ မမြင်ရပေ။

ရင်းနှီးနေသည့် လက်တို့က သူ့ခန္ဓာကိုယ်ကို စတင်၍ စမ်းလာလေပြီး အေးစက်စက်လျှာက သူ့လည်တိုင်ထက်တွင် တဝဲလည်လည်လုပ်နေသည်။

‘’အာ့……’’

ထုန်ရှောင်းစုန့် တုန်ယင်သွားသော်လည်း အသံထွက်မရခဲ့။ ခွန်အားရှိသမျှ စိုက်ထုတ်တာတောင်မှ ညည်းသံဖျော့ဖျော့သာ ထွက်လာသည်။

 ထိုပုံရိပ်၊ ထိုအထိအတွေ့ ဤသူက မနေ့ညက လူနှင့် တစ်ယောက်တည်းပင်။

ဒါမှမဟုတ်…….လူမဟုတ်တာလည်း ဖြစ်နိုင်၏။

ထုန်ရှောင်းစုန့် စတင်၍ ငိုရှိုက်လိုက်မိသည်။

ငါ့ချစ်သူက တစ္ဆေတစ်ကောင်တဲ့လား(ဘာသာပြန်)Where stories live. Discover now