အခန်း ၁၁

484 92 1
                                    

ကြေးနီဇလုံ I

တစ်ဖက်လူဟာ ညကြီးမင်းကြီးဖြစ်နေရုံမကလို့ မည်သည့်အချိန်၌မဆို ပြောလျှင်ပြောသည့်အတိုင်းလုပ်လာနိုင်သည်ကို သူသိ၏။

ဒီနေ့မဟုတ်တောင် မနက်ဖြန်၌ လုပ်လိမ့်မည်သာ။

ထုန်ရှောင်းစုန့်သည် ကုလားထိုင်မှ လက်တင်ခုံအား တင်းကြပ်စွာ ဆုပ်ကိုင်ထားရာမှ အားလုံးကိုအပြင်သို့ပစ်ထုတ်ပြီး ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှ ရုန်းထွက်ရလေမလားဟူ၍ တွေးကြည့်နေ၏။

လူသုံးယောက်သေဆုံးသွားသည်ကို မြင်တွေ့ပြီးသည့်နောက် စိတ်ပညာရှင်များ၏ နှစ်သိမ့်ပေးမှုကို ခံလိုက်ရသဖြင့် သူဟာ အကုန်လုံးကို စွန့်လွှတ်ပြီး ရင်ဆိုင်ကြည့်ဖို့ သတ္တိရှိလာကြောင်းတော့ ဝန်ခံရပေလိမ့်မည်။

ကုရွှမ်က မတ်တပ်ရပ်လိုက်သည့်အခါ သန်မာပြီး အရပ်ရှည်ပါသည့် ထိုပုံရိပ်က ကပ်ဘေးကျရောက်တော့မည့် လက္ခဏာကိုပြင်းထန်စွာပေးစွမ်းလို့နေသည်။ သူက ရုတ်တရက်ပြောလာ၏။

''မင်းအစ်မ............''

ထုန်ရှောင်းစုန့်က ခဏရပ်သွားပြီး ကုလားထိုင်လက်တင်ခုံက သူ့လက်သီးဆုပ်တို့က ပြေလျော့သွားလျက် တစ်ဖက်လူအား ဝမ်းနည်းပက်လက်ဖြစ်သွားသည့် အရိပ်အယောင်များဖြင့် ကြည့်လာသည်။

ကုရွှမ် ၏မျက်နှာထားက အလေးအနက်ရှိနေပြီး ခါတိုင်းရှိနေကျ အောင်နိုင်သူအပြုံးတို့ဟာကင်းမဲ့လို့နေ၏။ သူက တည်ငြိမ်စွာ ပြောလာခဲ့သည်။

''တကယ်လို့များ မင်းသေသွားလို့ကတော့ မင်းအစ်မက အရမ်းအရမ်းကိုမှ ဝမ်းနည်းနေတော့မှာပဲ ''

ထုန်ရှောင်းစုန့်က အသက်ပြင်းပြင်းရှူလိုက်ပြီး တုန်တုန်ရီရီနှင့် သူ့မျက်နှာကို ကွယ်ထားလိုက်သည်။

သူ့အစ်မ.......

ကုရွှမ်က ဆက်ပြောလာသည်။

'' ငါကတော့ မင်းကို ခြိမ်းခြောက်ပြီးသွားပြီ။ ငါရက်စက်တတ်တာကို ဖုံးကွယ်ထားဖို့ မလိုအပ်တော့ဘူး။ ဒါပေမဲ့ တစ်ခုခုကိုသွားယူခိုင်းဖို့ ငါမင်းကို တကယ်လိုအပ်နေတာ။ နာရီဝက်လောက်ပဲကြာမှာပါ။ အခု ငါနဲ့လိုက်ခဲ့။ မဟုတ်ဘူးဆိုလို့ကတော့ မနက်ဖြန်အတန်းချိန်တွေအတွက် မင်းလုံလုံလောက်လောက် နားလို့ရမှာမဟုတ်ဘူး။ မင်းအိပ်ငိုက်နေလိမ့်မယ် ''

ငါ့ချစ်သူက တစ္ဆေတစ်ကောင်တဲ့လား(ဘာသာပြန်)Where stories live. Discover now