Chapter 17

428 96 6
                                    

ကြေးဇလုံ ပြန်ပေါ်လာခြင်း

ထုန်ရှောင်းစုန့်သည် အိမ်၌ သုံးရက်သာနေခဲ့ပြီး ကျန်ရှိသည့်အချိန်တွင်တော့ ဘတ်စ်ကားမှီဖို့ ကြိုးစားရဦးပေမည်။ မထွက်ခွာသေးမီ သူသည် သူ့အစ်မ၏ခေါင်းအုံးအောက်၌ ပိုက်ဆံတချို့ ချန်ရစ်ထားခဲ့လိုက်၏။

သူ နှုတ်ဆက်ထွက်ခွာသည်နှင့် သူ၏မိခင်သည်လည်း စိတ်ကူးယဥ်ပုံရိပ်တစ်ခုအား လက်ဝေ့ယမ်းပြကာ နှုတ်ဆက်နေပြီး နောက်တစ်ခေါက် သူတို့အတူပြန်လာကြမည်ဟု ပြောဆိုနေပေသည်။

ထုန်ရှောင်းယန့် က ခါးသက်သက်အပြုံးတို့နှင့် နှုတ်ဆက်လာ၏။

သက်ပြင်းချလိုက်ပြီး စိတ်မနှံ့တော့သည့် သူ့မိခင်နှင့် အလွန်အမင်းပင်ပန်းဒဏ်ခံနေရသော အစ်မဖြစ်သူတို့ကို ပြန်လှည့်ကြည့်လိုက်သည်။ နီရဲနေသောမျက်လုံးများနှင့် သူထွက်လာခဲ့လိုက်တော့သည်။

တောင်အောက်သို့ ဦးတည်ကာ ဆင်းသက်သည့်လမ်းကြောင်းပေါ်၌ တစ်ခါပြန်လျှောက်လာရင်း သူ့အစ်မ၏ပုံရိပ်က သူ့ခြေဖျားအောက်သို့ ရောက်သွားသလို သူခံစားရ၏။ သူလှမ်းသမျှခြေလှမ်းတို့ကို ငြင်သာပါသော်လည်း မြဲမြံလှသည်။

မရေမတွက်နိုင်စွာ သူလှည့်ပြီး ပြန်ပြေးသွားချင်ပါသော်လည်း ဆင်ခြင်တုံတရားက မဖြစ်နိုင်ဟူ၍ ပြောနေခဲ့သည်။

တကယ်လို့များ သူသာ ပြန်သွားခဲ့သည်ဆိုပါလျှင် သူ့အစ်မက လုံးဝကိုကြေကွဲသွားပြီး ပိုကောင်းသည့် အနာဂတ်တို့ကို မျှော်လင့်နေတော့မည် မဟုတ်တန်ရာ။

*****

ကျောင်းအုပ်က သူပြန်လာတာကိုတွေ့တော့ ထောက်ပံ့ကြေးကို လျှောက်ထားပြီး ဖြစ်ပြီး ကြားထဲမှာ မတော်တဆမှု ဖြစ်တာမျိုး မရှိပါက နောက်လမှာ ပေးမည်ဟု ပြောလာသည်။

သူက အိပ်ဆောင်ထဲက သူ့ပစ္စည်းတွေ ထုပ်ပိုးပေး၍ အိပ်ဆောင်အသစ်ကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးသေး၏။

ပိတ်ရက်ဖြစ်သဖြင့် အဆောင်ထဲ၌ အခန်းဖော် သုံးယောက်က ရှိနေကြသည်။ ကျောင်းအုပ်ကြီးက သူ့ကို အိပ်ရာခင်းဖို့ ကူညီပြီး အခြားသူများကို လှည့်ကာ သတိပေးသည်။

You've reached the end of published parts.

⏰ Last updated: Nov 03 ⏰

Add this story to your Library to get notified about new parts!

ငါ့ချစ်သူက တစ္ဆေတစ်ကောင်တဲ့လား(ဘာသာပြန်)Where stories live. Discover now