Chapter 15

361 79 1
                                    

အိမ်ပြန်ခြင်း

ရထားစီးပြီးသည့်နောက် ဘတ်စ်ကားကို အခမဲ့ကားကြုံ ပြောင်းစီးလိုက်ကာ တောင်ပေါ်သို့ရောက်လာသည့်အခါတွင်မူ သူ့ခြေထောက်နှစ်ဖက်ပေါ်တွင်သာ အားကိုးမှီတည်ရတော့သည်။

တောင်တန်းများက ထူထပ်လှရာ ချောက်ကမ်းပါးများနှင့် လျောစောက်တွေက အလွန်အန္တရာယ်များလှသည်။


ကြီးမားသည့် ကျောပိုးအိတ်ကို လွယ်ထားလျက် ထုန်ရှောင်းစုန့် သည် ခြေတစ်လှမ်းစီတိုင်းကို နိမ့်တစ်လှည့် မြင့်တစ်လှည့်နှင့် ဂရုတစိုက် လျှောက်လှမ်းလာ၏။

ဤလမ်းကြောင်းက သူအကြိမ်ပေါင်းများစွာ ကူးသန်းသွားလာခဲ့ဖူးပြီး အမြဲတမ်းတမ်းလိုလို ရွှံ့နွံတို့ထူထပ်ပြီး ကြမ်းတမ်းလှ၍ ဆယ်စုနှစ်တစ်စုကြာသွားသည့်တိုင် မပြောင်းလဲသွားပါချေ။

တောင်ပေါ်မှ ပစ္စည်းများကို အပြင်ဘက်သို့တင်ပို့နိုင်ခြင်းမရှိသလို ပြင်ပပစ္စည်းများကိုလည်း အထဲသို့ ယူဆောင်လာ၍ မရနိုင်။

တောင်တွင်းထဲရှိ ချိုင့်ဝှမ်းများထဲတွင် အိမ်ထောင်စုများနှင့် ကလေးများစွာ ရှိကြသည်။

အစိုးရသည် တစ်ခါကတော့ ပြန်လည်နေရာချထားပေးဖို့ စဉ်းစားခဲ့သေးသော်လည်း လူများလွန်းသဖြင့် နေရာချပေးဖို့ရာ မဖြစ်နိုင်သောကြောင့် ထိုပလန်ကို စွန့်လွှတ်ခဲ့ကြလေသည်။

တောင်ရှိလူအများက ထိုအကြောင်းနှင့်ပတ်သက်၍ များများစားစားတွေးတောမနေချေ။ သူ့ကို တောင်အပြင်ဘက်သို့ပို့လိုက်သည့် သူ့အစ်မနှင့်နှိုင်းစာရပါလျှင် လူအများစုက သူတို့သားသမီးများအား တောင်ထဲတွင်သာ တသက်လုံး နေစေချင်ကြသူချည်းသ။

သူတို့သည် လောကကြီးမှ သီးသန့်ကွဲထွက်နေကြသူများဖြစ်ပြီး သူတို့၏ကိုယ်ပိုင်မြေကို ကာကွယ်လျက် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နွံထဲမှာသာကြီးပြင်း၍ နွံထဲမှာသာ ကုန်ဆုံးသွားတတ်ကြသည်။

တုတ်တစ်ချောင်းအားအမှီပြုလျက် ထုန်ရှောင်းစုန့်သည် နောက်ဆုံးတော့ သူ့ရွာသို့ ရောက်လာခဲ့ပြီဖြစ်သည်။

ငါ့ချစ်သူက တစ္ဆေတစ်ကောင်တဲ့လား(ဘာသာပြန်)Where stories live. Discover now