အခန်း ၁၄

497 104 4
                                    

ငရဲမီးပမာ

ညသန်းခေါင်ယံအခါဝယ် ထုန်ရှောင်းစုန့် သည် စူပါမားကပ်မှ သူဝယ်လာခဲ့သည့် သစ်သီးနွှာရာ၌သုံးသည့်ဓားကို ဝှက်ကာ သယ်လာပြီးသဘောတူညီထားသည်နှင့် အညီ ရောက်လာခဲ့သည်။

ကုရွှမ်သည် စောင့်နေရသည်မှာ အတော်ကြာပြီဖြစ်ပုံရကာ ကျောင်းဆောင်ဟောင်း အဆောက်အဦးကြီး၏ နံရံကို မှီနေ၏။

တစ်နေ့တာကုန်သွားပြီးသည့်နောက် ကုရွှမ် ၏ စိတ်အခြေအနေတို့က အတော်လေး တိုးတက်လာခဲ့ပုံ ပေါ်သော်လည်း သူ၏အသားအရည်တို့ကတော့ ဖြူဖျော့နေဆဲရှိသည်။

သူသည် သွက်သွက်လက်လက်နှင့် ထုန်ရှောင်းစုန့် ရှိရာသို့ လျှောက်လာပြီး သူ့လက်ထဲတွင်မူ ကြိုးနီလေးတစ်ချောင်း ကိုင်ထားလျက်ရှိသည်။

‘’ဒါနဲ့ မင်းလက်ကောက်ဝတ်ကို ချည်လိုက်ပြီးတော့ တတိယနှစ်ရဲ့ အခန်း၄ ကိုသွား၊ ပတ်ပတ်လည် လမ်းလျှောက်ပြီးရင် ပြန်ထွက်လာခဲ့။ မင်းထွက်လာပြီးရင် ဘာမြင်ရသလဲဆိုတာ ငါ့ကိုပြော ‘’

ထိုသို့ ပြောပြီးနောက် ကုရွှမ် က ငြင်းခုံဖို့ရာ အခွင့်အရေးပင်မပေးတော့လေဘဲ အကြမ်းပတမ်းနှင့် ကြိုးနီလေးကို ထုန်ရှောင်းစုန့် ၏လက်ကောက်ဝတ်ပတ်ပတ်လည်၌ ချည်လိုက်၏။ 

ထို့နောက် ထုန်ရှောင်းစုန့် ကို အတင်းအဓမ္မအရှေ့သို့ တွန်းထုတ်လိုက်သည်။ ထုန်ရှောင်းစုန့် က ယိုင်တိယိုင်တိုင်နှင့် ရှေ့ကိုလျှောက်သွားပြီး ယိုင်လဲမသွားဖို့ရာ သူ့ကိုသူ မနည်းပင် ထိန်းလိုက်ရသည်။ သူသည် ကုရွှမ်အား သမင်လည်ပြန် လှည့်ကြည့်လိုက်သည်။

မနေ့ညက သံပန်းဂိတ်အပြင်ဘက်၌ ရပ်နေခဲ့သည့် ကူကယ်ရာမဲ့သည့် သို့မဟုတ် လှောင်ရယ်နေဟန်ရှိသည့် ကုရွှမ် နှင့်မတူညီစွာဘဲ ယခုအချိန်ရှိ ကုရွှမ်က ကြမ်းကြုတ်သည့်မျက်နှာထားနှင့်ဖြစ်နေသည်။ ထုန်ရှောင်းစုန့် လှည့်လာသည့်အခါ သူက အက်နေသောအသံဖြင့် အော်ဟစ်လာခဲ့သည်။

‘’ မင်းဘာကိုကြည့်နေတာလဲကွ။ မြန်မြန်သွားလေ။ သေချင်လို့လား ‘’

ငါ့ချစ်သူက တစ္ဆေတစ်ကောင်တဲ့လား(ဘာသာပြန်)Where stories live. Discover now