introduction

2K 25 9
                                    

အားလုံးပဲ မင်္ဂလာပါခင်ဗျာ !!

ကျွန်တော့်ကိုအရင်ဦးဆုံးမိတ်ဆက်ပါရစေ။
ကျွန်တော့်က Danica Venusဖြစ်ပါတယ်။
Danica Venusကို အရင်ရှင်းလင်းပုံထုတ်ရ
မယ်ထင်ပါတယ်😁

Danicaက Venusဆိုတဲ့ စကားလုံးကနေ
ဆင်းသက်လာတာပါ။Danicaနဲ့Venusရဲ့
အဓိပ္ပာယ်က အတူတူပါပဲ(မြန်မာလို ပြန်ရင်
တော့ မနက်ခင်းကြယ်/မိုးသောက်ကြယ်၊
ကြယ်နီ)အဲ့လို အဓိပ္ပာယ်ရပါတယ်။
//စာရေးသူ အသစ်ပါ(စိတ်လည်းမရှည်တတ်
ပါဘူး)😒//

စိတ်မရှည်ဘူးဆိုတာနဲ့ တစ်မျိုးမထင်ကြ
ပါနဲ့ခင်ဗျာ၊ကိုယ့်ဘာသာကိုယ် စိတ်မရှည်
တာပါ။Ongoingလိုက်ခိုင်းရမှာ ပျင်းပါတယ်။
1 to 40 Completedဆိုပြီး တစ်ခါတည်း
အပြီးအစီး တင်ချင်တာပါ။ကျွန်တော် စိတ်
မရှည်တာက အဲ့လိုမျိုးပါ🤣

ကဲ ...ဇာတ်လမ်းကို မိတ်ဆက်ပေးပါမယ်။
"နေလောင်းပန်းတို့ရဲ့ ငိုက်ရှိုက်သံ"ပါ။
ခေါင်းစဥ်ကြည့်ပြီး လန့်မသွားကြပါနဲ့ခင်ဗျာ။
ပြုံးစိစိနဲ့ဖတ်ရမဲ့ ဆယ်ကျော်သက်(၁၀တန်း)
ကျောင်းသားရဲ့ဇာတ်လမ်းပါ။

ကျွန်တော်တို့ ဖြတ်ကျော်လာခဲ့ရတဲ့
ဆယ်ကျော်သက် ကျောင်းဘဝရဲ့ ဖြစ်လေ့
ဖြစ်ထရှိတဲ့ တချို့သောအရာတွေကို ပုံဖော်
ထားတာပါ(ကျောင်းပြေးမယ်၊အတန်းထဲ
အိပ်ငိုက်မယ်၊ဆရာတွေ စာမေးရင်မရဘူး၊
အရိုက်ခံရမယ်)အဲ့လိုမျိုး ပေါ့ပေါ့ပါးပါးပါ။
ဇာတ်လမ်းကိုတော့ ၁၉၉၉/၂၀၀၀ခတ်နောက်
ပြန်ရေးပေးထားတာပါ။

တကယ်တော့ ၈၈မတိုင်ခင်က ပုံစံမျိုးကို
ရေးချင်ခဲ့တာပါ။၈၈ကိုမှီတဲ့  ဒေါ်လေးကို
သွားမေးတော့ ၈၈အရေးအခင်းတုန်းက
သူက ၁၀တန်းလို့ပြောပါတယ်။၈၈အရေး
အခင်းကို သိပ်မမှတ်မိတော့ဘူး အဲ့နောက်
ပိုင်းပဲ မှတ်မိတယ်လို့ပြောပါတယ်။ဒါနဲ့
ဘဘကိုသွားမေးခဲ့ပါတယ် ဘဘကလည်း
သူ သင်္ဘောတက်နေလို့ သိပ်မသိပါဘူးတဲ့။

ဒါဆို အဲ့၈၈တုန်းက သင်္ဘောတက်တာ
လစာ ဘယ်လောက်ရလဲမေးပြန်တော့
မေ့သွားပါပြီတဲ့😁(အခုဆို ဘဘက ၇၀
ကျော်နေပြီမို့လို့ သိပ်မမှတ်မိတော့တာပါ)
ကျောက်မီးသွေးရထား၊ရေနံငွေ့ရထား
အကြောင်းတော့ ရှင်းပြပါတယ်။အဲ့တုန်းက
ရထားတွေက အသံသိပ်ဆူညံပါတယ်တဲ့။

ဒီလိုဆိုတော့ ကျွန်တော်လည်း မေးကြည့်
ရတာပေါ့(အမေးထူဆိုတော့လေ)
ရထားအသံက ဘယ်လိုမြည်တာလဲလို့
မေးကြည့်တော့ ဂျောက်ဂျက် ဂျောက်ဂျက်
မြည်ပါတဲ့ ...အဲ့လိုပြောတာပဲ🤦‍♂️

နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံ(Complete)Where stories live. Discover now