အပိုင်း( ၃၁ ) U/Z

218 12 8
                                    


တက္ကသိုလ်ဝင်တန်း နောက်ဆုံးစာမေးပွဲအား ၁၀.၃.၁၉၉၉ မှစ၍ ၁၅.၃.၁၉၉၉ထိ ကျင်းပ
ဖြေဆိုခဲ့ရ၏။သည်နေ့က ၁၅ရက်နေ့။ဘော
ဂဗေဒနှင့်ဇီဝဗေဒဘာသာရပ် ဖြေကြားရသည့်
စာမေးပွဲ၏ နောက်ဆုံး နေ့ရက်ကိုပင် ရောက်
ရှိခဲ့ပြီဖြစ်၏။ဝိဇ္ဇာဘာသာရပ် သမားတွေက
တော့ မပြီးသေးပါ။သူတို့အတွက်ဟာ
စာမေးပွဲကြီးပြီးဖို့ ရက်ပိုင်းလောက် ကျန်ရှိ
သေးသည်ပင်ဖြစ်၏။

သည် သုံးလပိုင်းကုန် လေးလဆိုလျှင် သင်္ကြန်
အခါတော်ကိုရောက်တော့မည်။မြန်မာလဆို
လျှင် တန်ခူးဖြစ်ပြီး အင်္ဂလိပ်လဆိုလျှင် ဧပြီ။
ထိုလများသည် မြန်မာပြည်သူ/သားတွေအဖို့တကယ်ကို မေ့ဖျောက်၍ မရနိုင်သော လများ
ပင်ဖြစ်လေသည်။မေ့လည်း မမေ့နိုင်စရာပါ။
တစ်နှစ်မှာ တစ်ခါပဲ ကျရောက်ပြီး မြန်မာတို့၏
ချစ်စရာဓလေ့နှင့် နှစ်သစ်ကို ကြိုဆိုပုံက အ
လွန်ပင် နှစ်သက်စရာကောင်းပြီး မမေ့နိုင်စရာ
ဓလေ့ထုံးတမ်းအစဥ်အလာကြီး တစ်ရပ်ဖြစ်
၏။သင်္ကြန်ကာလ ပြီးဆုံးသွားပြီးနောက်တွင်...
သည်ကြားထဲ သင်္ကြန်အငွေ့အသက်မပျောက်
ပျက်သေးပါပဲ သင်္ကြန်အကြိုသီချင်းတွေ ဖွင့်
ဆဲဆိုလျှင်ဖြင့် ပြီးဆုံးသွားသည့် သင်္ကြန်ကိုပင်
အောက်မေ့တသသနှင့် နှစ်ရှည်လများ သင်္ကြန်ပဲ
ကျပစ်လိုက်ချင်သည့် စိတ်တွေက တားမရ၊ဆီး
မရ ဖြစ်ရလေသည်။

ဖြစ်နိုင်လျှင် နေ့တိုင်း သင်္ကြန်ကျပစ်ချင်သည်။
ယခုပင် ကျောင်းသား၊ကျောင်းသူကလေးတွေ
စာမေးပွဲ ဖြေဆိုပြီး အိမ်အပြန်လမ်းမှာ သင်္ကြန်
အကြို သီချင်းသံတွေကိုပင် ကြားနေရ၏။

♫♫⁽⁽⁠⁽⁽⁠   မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့လေ ~~
   ကူးပြောင်းစ တန်းခူးလေမှာ ~~

တစ်ယောက်တစ်လှည့်မို့ လှမ်းကာဖျန်းပက်
ကြစဥ် ~~ ပိတောက်ဖူးလေးတွေ ပန်ဆင်ထား
သူရေ ~~

ခေါင်းလေးမော့လို့ ပိတောက်ဖူးလေးတွေ
ပန်ဆင်ထားသူရေ ~~~

ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ
ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေထဲ ~~

ရာသီချိန်မှီ လှမ်းပွင့်ခဲ့တဲ့ ပိတောက်ကို
ပန်ဆင်ပါရင် လှသတဲ့တင့်မှာမို့ ~~

နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံ(Complete)Where stories live. Discover now