အပိုင်း( ၃ ) U/Z

662 14 12
                                    

"ကျောင်းက မှီပါတော့မလားမသိဘူး"

"ဦးသောင်းလည်း အမြန်မောင်းနေပါ
တယ်၊ဒါနဲ့ ကျောင်းမသွားဘူးပြောပြီး
အခုဘာစိတ်ကူးပေါက်သလဲ ..."

ရန်ရှင်းက ခေါက်လျှက်သားပါလာသည့်
ကျောင်းဝတ်စုံကို တစ်ချက်ကြည့်ပြီး
ဦးသောင်းကိုလည်း တစ်ဖန်ကြည့်သည်။

"အစကတော့ မသွားမလို့ပဲ၊ဒီဥစ္စာက
သူများကို ပြန်ပေးရမယ်လေ ..."

ထိုသို့ပြောပြီး ရန်ရှင်းက ကျောင်းနှင့်မနီး
မဝေးလှသည့်နေရာတစ်ခုကို လက်ညိုးထိုး
ပြ၏။

ဦးသောင်းလည်း ကားကိုအရှိန်နည်းနည်း
လျော့လိုက်ပြီး ရန်ရှင်းညွှန်ပြရာကို လှမ်း
ကြည့်လေသည်။

"အိန်း ...ဘာလို့လဲ မောင်ရှင်း ..."

"အဲ့နေရာမှာပဲ ကျွန်တော့်ကိုချပေးပါ။
ကျောင်းနဲ့သိပ်မဝေးတော့ဘူး လမ်းနည်း
နည်းလျှောက်ရင် ရောက်ပြီ"

"မောင်ရှင်းရယ် ကျောင်းနောက်ကျမဲ့
ကိစ္စကို ..."

"ရပါတယ် ဦးသောင်း၊အဲ့မှာပဲချပေးပါ။
ဒါနဲ့ ဦးသောင်း မနေ့ကကိစ္စကို အဖေကို
မပြောပါနဲ့လား ..."

"ဦးသောင်းမပြောပါဘူး။လူငယ်တွေပဲ
တစ်ခါတစ်လေတော့ ရန်ဖြစ်တာပေါ့"

ရန်ဖြစ်သည်ဟူသည့်စကားကြောင့်
ဦးသောင်းကိုကြည့်ကာ ရန်ရှင်းသက်
ပြင်းအရှည်ကြီးချသည်။

"ရန်ဖြစ်ခဲ့တာမဟုတ်ပါဘူး။ရန်စ ခံရ
တာ ..."

"ဘယ်လို! ..."

ရန်ရှင်းက ခေါင်းညိတ်သည်။ဦးသောင်း
မူကား မျက်လုံးပြူးလျှက်

"ဦးသောင်းကလေ သူတစ်ပြန်ကိုယ်တစ်
ပြန် ဖိုက်လာတယ်ထင်တာ။ဘယ်နှယ့် ...
ဟိုက ထိုးတာကိုငြိမ်ခံလာရသလား ..."

"ငြိမ်မခံလို့ ဦးသောင်းကလည်း၊ဟိုက
အဖွဲ့လိုက် ဗလတွေကလည်းအကြီးကြီး"

"ခက်တယ်ကွယ် ...နောက်ဆို အဲ့လူတွေကို
ဝေးဝေးရှောင်နော်။သြော်...သတိထားစရာ
ပြောရဦးမယ်၊အဲ့ကျောင်းမှာ အထက်ပုဂ္ဂိုလ်၊
ရာထူးကြီးတွေရဲ့သားသမီးတွေရှိသတဲ့။
အဲ့ကလေးတွေနဲ့များ တိုးလာသလား ..."

နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံ(Complete)Where stories live. Discover now