အပိုင်း( ၁၇ ) U/Z

348 8 15
                                    

"ဗျို့ လူပျိုကြီး ...နောက်နေ့မှ ကန်တော့ပွဲနဲ့
လာတောင်းပန်ပေးမယ်၊ဒီနေ့တော့ မြန်မြန်
ပြန်လိုက်တော့ဗျို့"

"ဒီကောင်!"

မြင့်ဂုဏ်သည် ထိုသို့ မထိတထိစ,သွားပြီး
ရန်ရှင်းလက်ကိုတွဲကာ တိုက်ကြီးဆီ ဝင်
သွား၏။မြင့်ဂုဏ်ခြေထောက်တွေက သွက်
နေသလို ရန်ရှင်းခြေထောက်မှာတော့ တုန်နှေး
နှေးဖြစ်နေသည်။ရန်ရှင်းမှာ သူ့ကိုမသိစိတ်က
ကြောက်နေမိ၏။ဘာအကြောင်းရယ်မှန်းမသိ
သူ့အိမ်ကို ရုတ်တရက်ခေါ်ချလာတာရယ်။

သူ့တစ်ကိုယ်လုံးကို မြင့်ဂုဏ်က စူးစိုက်ကြည့်
သည်။ပြီးတော့ မျက်နှာကို စ,ကြည့်သည်။
မျက်နှာပြီးမှ နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည့်
ရင်ဘက်ကို စိုက်ကြည့်ပြီး မူမမှန်သည့် ခြေ
လှမ်းဆီသို့ အကြည့်တို့ရောက်သွားမှ ...

"သန့်ကို တစ်ခုခုလုပ်မှာ စိုးရိမ်နေတာလား"

ရန်ရှင်းက ခေါင်းညိတ်၏။ပြီးမှ ကမန်းကတန်း
ပြန်ခါရမ်းရင်း ...

"မ...မဟုတ်ပါဘူး"

"သေချာလား?"

"အင်း"

"ဒါဆို ငါတစ်ခုခုလုပ်ရင်ရော ..."

အရင်ဦးဆုံး ရန်ရှင်းမျက်နှာကလေးက ပျက်
ကျသွား၏။နီရဲထွေးနေသည့် နှုတ်ခမ်းလေးကို
တင်းတင်းစေ့ထားပြီးမှ မော့ကြည့်လေတော့
တစ်ဖန် သူနှင့် မျက်နှာချင်းဆုံသွားတာမို့ ရန်
ရှင်းမှဦးစွာ မျက်နှာ စလွှဲသွားကာ ...

"မင်းက ငါ့အတွက် ယုံကြည်ရတဲ့လူ တစ်
ယောက်လို့ပဲမြင်တယ် မြင့်ဂုဏ်"

"အဲ့ဒါ သန့် ငါ့ကို စည်းတားနေတာ"

"လူတိုင်းမှာ သူ့စည်းကိုယ့်စည်းဆိုတာ ရှိတယ်၊
မကျော်သင့်တဲ့စည်းကို မကျော်ရဘူး"

"ဘယ်စည်းက မကျော်သင့်တာလဲ၊ဒီတိုင်းပဲ
နေကြည့်ရုံကို ..."

ဟော ပြောထွက်လိုက်တာ ကလေးကစားစရာ
များ မှတ်နေသလားမသိဘူး။ဒီလိုဟာတွေကို
သူ ဘယ်ကတည်းက ကြံစည်နေတာလဲ။

ရန်ရှင်း ရင်မအေးနိုင်စွာ သူ့ကိုမော့ကြည့်ပြီး
ခေါင်းခါမိရင်း ...

နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံ(Complete)Where stories live. Discover now