အပိုင်း( ၉ ) U/Z

401 10 13
                                    

အတန်းထဲ၌ သန့်ရန်ရှင်းမှလွဲ၍ အကုန်လုံးက
တရုန်းရုန်းနှင့် ဆူံညံပွလောရိုက်နေကြ၏။
အဆိုးဆုံးက ရဲသီဟနှင့်ကျော်ထိုက်စံပင်။
ဘယ်ကဘယ်လို ရလာမှန်းမသိတဲ့ အိုးစည်၊
ဒိုးပတ်နှင့်ဝါးလက်ခုပ်တို့ကို အသက်ထွက်
အောင်တီးခတ်နေလေသည်။ထိုမျှမပြီးသေး ခမောက်ပါ ဆောင်းထားကြပြီး ဟိုက်ကြီး
ဟန်ကြီးလုပ်ကာအသံဗြဲကြီးနှင့် သီချင်းပါ
ထထအော်၏။ထိုအရူးနှစ်ယောက် ရူးသမျှကို
ပွဲကြည့်ပရိတ်သတ်အဖြစ် ကြည့်နေသူကရှိနေ
သည်က မဆန်း။အကုန်းလုံးကလည်းရေလိုက်
ငါးလိုက်နှင့်ဝေးဝါး၊ဟေးဟားနှင့် အော်လျက် ပျော်နေကြသည်ပင်။

အထက်ပုဂ္ဂိုလ်တွေအတွက် ဖျော်ဖြေပွဲအား
အများအဖို့ စိတ်ဝင်စားပြီး ပျော်ရွှင်နေကြပေမဲ့
သန့်ရန်ရှင်းတစ်ယောက်တော့မပျော်နိုင်ပါ။
လပတ်စာမေးပွဲနီးတာက တစ်ကြောင်း၊ဟို ...
မြင့်ဂုဏ်ဆိုသည့် လူဂွစာကြောင့် စိတ်မသန့်ဖြစ်
ရသည်က တစ်ကြောင်း၊ထို အကြောင်းကြောင့်
နှင့်ပင် သန့်ရန်ရှင်းမှာ မပျော်နိုင်မပါးနိုင်ပါပဲ
စာကိုသာ ငုံ့လျက် ပြူးပြဲကျက်နေမိလေသည်။

သန့်ရန်ရှင်းနည်းတူ အတန်းထဲ စာလုပ်နေသူ
တစ်ယောက်တော့ရှိ၏။ထိုသူက ဖိုးချစ်မောင်။
စံချိန်မှီကျောင်းသားဟု ပြောကြ၏။ပုံစံကို
ခန့်မှန်းကြည့်ရသလောက်တော့ သဘော၊မနော
ကောင်းပုံရပြီး သွက်လက်၏။ဒါပေသည့်
ဖိုးချစ်မောင်မှာ သူ့နဘေး၌ အမြဲကပ်ပါလာ
တတ်သော စောသက်ပိုင်ကိုတော့ သဘော
မနောထားပုံမပေါ်။အမြဲလိုလို တကြပ်ကြပ်
ရန်ဖြစ်တတ်၏။စောသက်ပိုင်ကလည်း အစ
အနောက်သန်သည်နှင့်တူသည်။အဲ့လိုဆို
လည်း မဟုတ်ပြန်။စောသက်ပိုင်မှာ လူတိုင်း
ကို စနောက်ခြင်းမဟုတ်ပါပဲ ဖိုးချစ်မောင်ကို
သာ ကွက်ကွက်ပြီး စ,တတ်၏။

သူတို့နှစ်ယောက်ကို ကြည့်ရခြင်းအားဖြင့်
ထူးဆန်းနေသည်။ထူးဆန်းသည်မှာ အတော်ပင်
ထူးဆန်း၏။နှစ်ယောက်သားက မတည့်ဟုသာ
ပြောသည် အချိန်ခနအတွင်း၌လည်း ပြန်လည်
သင့်မြတ်သွားတတ်ကြ၏။တစ်ခါတစ်လေဆို
တစ်ကမ္ဘာလုံးမှာ နှစ်ယောက်တည်းရှိနေသကဲ့သို့ တစ်ယောက်နှင့်တစ်ယောက်လည်း အချိန်အကြာကြီးပင် အကြည်စိုက် ကြည့်ပြန်သေး၏။

နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံ(Complete)Where stories live. Discover now