"အဲ ...သန့် သန့်ရန်ရှင်း ..."မိန်းကလေးတစ်ဦး၏အသံ။
ရန်ရှင်းကနောက်သို့ လှည့်ကြည့်၏။
ထိုမိန်းကလေးက သူ့ကိုပင်ဖော်ဖော်
ရွေရွေပြုံးပြလာ၍ သူလည်းပြုံးပြ
လိုက်ရသည်။စိတ်ထဲ၌မူကားမပါ။"ဟိုဒင်း ...မနေ့က နင့်မှာစာအုပ်မပါတာ
တွေ့လို့ နင်များ အဲ့သင်ခန်းစာတွေ
ကူးချင်သလားလို့ ..."မိန်းကလေးက သူမ၏လွယ်အိတ်ထဲမှ
စာအုပ်ကလေးထုတ်ပေးလာသည်။
သူလည်း ယူရကောင်း မယူရကောင်း
တွေတော့ရလေသည်။မတော်လို့ သပုတ်
လေလွင့် ကျော်မကောင်းကြားမကောင်း
အပြောခံရပါဘိစ။ရောက်တာမှမကြာ
သေး မဟားတရားတွေ မကြားချင်ပါ။
သူလည်း ကြားဖူးနားဝရှိပါသည်၊
ရန်ကုန်သူတွေက အတင်းရဲသည်ဟု
ဆိုသည်ကိုပင် ...။"ယူလေ ရန်ရှင်းရဲ့ ..."
သူမက ရန်ရှင်းဟု တရင်းတနှီးခေါ်ပြီးမှ
အားနာသွားဟန်ဖြင့် ဇက်ကလေးပုသွား
၏။"ဟိုဒင်း ...တို့ သန့်ရန်ရှင်းကို ရန်ရှင်းလို့
ခေါ်မယ်နော်။ရသလား ...အကယ်၍
အမောင်သန့်ရန်ရှင်းသဘောမတွေ့လည်း
မခေါ်ပါဘူး""ခေါ် ...ခေါ်ပါ...ကျွန်တော်အဆင်ပြေပါ
တယ်"သူက ပျာပျာသလဲပင်သဘောတူလိုက်
သည်။မတူလို့လည်းမရသည့်အခြေအ
နေ။မိန်းကလေးတစ်ဦးနှင့်ယောကျာ်း
လေးတစ်ဦး လူသွားလမ်းမှာစကားရပ်
ပြောနေသည်၊အဲ့သည်တော့ လူတွေဝိုင်း
ကြည့်ကြသည်။ဒါဟာ ရန်ကုန်မြို့ရဲ့အထာ
ဟုပင်ပြောပြော ရန်ရှင်းနေသားမကျ
သေးပါ။"တို့ နာမည်လေးမှတ်ထားပေးပါဦး။
ဝါဝါလွင်တဲ့ ...""ဝါဝါလွင် ..."
သူက ထိုနာမည်ကို နှုတ်မှလိုက်ရွတ်သည်။
"ဟုတ်တယ် ...ဝါဝါလွင်။တို့နာမည်ကို
မှတ်ထားမယ်မလား ...""ဟုတ်ကဲ့ ...မှတ်ထားပါမယ်"
"ပြီးတော့ တို့က မိန်းကလေးအတန်း
ခေါင်းဆောင် ...""သြော် ...ဟုတ်ကဲ့ ..."
"ဟုတ်ကဲ့က ဘာပြုလို့ ..."
ဝါဝါလွင်က သဘောမတွေ့ဟန် သူ့ကို
ကြည့်၏။ 'ဟုတ်ကဲ့'ကပြဿနာဖြစ်သွား
လေသလားဟု၍ပင် ရန်ရှင်းမှာ ကိုယ့်ကို
သုံးသပ်မိယူရသည်။
YOU ARE READING
နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံ(Complete)
Romans"မင်း ငါ့ခံစားချက်ကို နားလည်ပါမလား မသိဘူး၊ငါတော့ နားမလည်တော့လို့ ရူးတော့မယ် သန့်ရာ ..." [ဓနမြင့်ဂုဏ်] "မင်းက ခံစားချက်မပါလည်း လုပ်တတ်တဲ့ ကောင်မျိုးဆိုတော့... မင်းရူးနေလို့ပေါ့" ...