အပိုင်း( ၁၉ ) U/Z

373 9 4
                                    

သန့်က ရင်ဘက်လေးပေါ် လက်လေးဖိရင်း
အသက်ကို ဖြည်းဖြည်းမှန်မှန် ရှူနေ၏။မြင့်
ဂုဏ်က ကျေနပ်သလိုရှိသွားကာ ခပ်ပါးပါး
ပြုံးလိုက်သည်။ထို့နောက် ထူအမ်းအမ်းလေး
ဖြစ်သွားရှာသည့် သန့်နှုတ်ခမ်းလေးအား
သူ့လက်မနှင့် ဖွာဖွာလေးသုတ်ပေးမိရင်း ....

"ပြောစကားကို နားထောင်မှပေါ့"

သန့်က သူ့ကို စူးစူးဝါးဝါး မျက်စောင်း
ပစ်ထိုးလာသည်။ထို့ပြင် နှုတ်ခမ်းကိုလည်း
မဲ့ထားလေကာ ....

"ခင်ဗျား သိပ်မိုက်ရိုင်းတာပဲ"

ထိုစကားကြောင့် မြင့်ဂုဏ်မှာ နည်းနည်း ငိုင်
ချင်ချင်။ဟိုဟိုဒီဒီ ဝေးဝေးလံလံလျှောက်
ကြည့်ပြီး တစ်စုံတစ်ခုကို သဘောမကျပုံနှင့်
မျက်မှောင်ကြုတ်ထားသေးသည်။

ရန်ရှင်းသည် သူ့ကိုရေးကြီးခွင်ကျယ်မလုပ်
ချင်သောကြောင့် ဘာသိဘာသာမျက်နှာကို တစ်ဖက်သို့ လွှဲထားလေသည်။

အချိန်က ညနေ၅နာရီကျော် ၆နာရီထိုးခါနီး
ပြီဖြစ်၏။ဆောင်းတွင်းကာလမို့ အအေးဓာတ်
လည်း တဖြည်းဖြည်းလွှမ်းခြုံလာသည်။အချိန်
အခါမဟုတ်သည့် ခရေပန်းတချို့လည်း ပင်
မြင့်ထက်က တဖြုတ်ဖြုတ်ကြွေနေသည်ကို
လှမ်းမြင်နေရ၏။

''ဆောင်းမှာခရေ၊နွေမှာလည်း သဇင်၊မိုးမှာ
ပန်းပိတောက်´´တဲ့ ...သီချင်းတောင် ဖွဲ့နွဲ့
ထားသေးတာပဲ။ဖေဖဝါရီလမှာ ခရေကြွေ
တာမဆန်း။ဆောင်းရာသီ၏ ဘယ်လမှာပွင့်ပွင့်
သူ့ရာသီပင်။ဖေဖဝါရီလလည်းဖြစ်နိုင်သလို၊
မတ်လလည်းဖြစ်နိုင်သည်ပင်။

အမှန်က ခရေပန်းတွေဟာ ဧပြီလမှာပွင့်ကြ
တာဖြစ်၏။များသောအားဖြင့် ဧပြီလအစမှာ
မိုးဖွဲ့ဖွဲ့နှင့်ခရေတွေဟာ မြေခကြွေကျရတာပါပဲ။
တစ်ပင်လုံးဖွေးနေပြီး တစ်လမ်းလုံးလည်း ဆွတ် ဆွတ်ဖြူနေ၏။မွှေးလည်းမွှေး၏။အထူးသဖြင့်ပိတောက်ပန်းနှင့်အလှချင်း ပြိုင်ဆိုင်နေကြသည်
ပင်။ဧပြီလသင်္ကြန်အကြိုအတွက်ပိတောက်ပန်းတချို့ ရွှေရည်လူးပြီး ဝါဝါလွင့်လွင့် သင်္ကြန်အရ
သာကို ဖော်ဆောင်ပြသနေချိန် ခရေပန်းတချို့
ကလည်း ဆောင်းလရာသီ၏ အအေးဓာတ်ခံမပျောက်သေးကြောင့် ဖော်ဆောင်ပြသချင်နေ
ကြတာဖြစ်သည်။

နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံ(Complete)Where stories live. Discover now