အပိုင်း( ၁၀ ) U/Z

413 10 14
                                    

"ဟော..."

မြင့်ဂုဏ်တစ်ယောက် သန့်ရန်ရှင်းကို ထိန်းမ
နိုင်တော့ပေ။အနေအေးသည်ဟု မှတ်ယူမိ
ကာမှ စကားကို စက်လွှတ်သလိုလွှတ်ပြီး
လက်ပေါက်ကပ်အောင်လည်း ပြောပါသေး၏။
ကြောက်တတ်သည်မှာလည်း နှစ်ယောက်အပြင်
မရှိ။

ဟော ...စောနားက ပြောပုံပဲကြည့်ပါလား ...

ကျောင်းပြေး ကျောင်းသားဆိုပြီး ဆေးထိုး
အပ်အကြီးကြီးနဲ့ ထိုးခံရမှာ ကြောက်ပါသ
တဲ့လေ ...

မြင့်ဂုဏ်မှာ တွေးမိရင်း ရယ်ချင်စိတ်ပေါက်
နေရသည့်ကြားထဲ သူ့ခြေထောက်သူကြည့်ပြီး
လန့်နေရှာသည့် ရန်ရှင်း၏ အမူအရာကြောင့်
ပိုလို့ပင် ရယ်ချင်စိတ်ပေါက်လာရကာ မအောင့်
နိုင်သည့်အဆုံး လွှတ်ခနဲပင် ရယ်ချမိ၏။

ရန်ရှင်းမှာမူ ရှက်ကိုးရှက်ကန်းလေးဖြစ်သွား
ရသဖြင့် မျက်စောင်းလေးတခဲခဲရွယ်ပြီး မြင့်
ဂုဏ်ပေါင်ပေါ်မှ သူ့ခြေထောက်လေးအား အသာအယာ ပြန်ရုတ်သိမ်းသွားလေသည်။

ပြီးတော့ သူ့အင်္ကျီအိတ်ကပ်ထဲမှ ပိုက်ဆံနှစ်ရာကျပ်ကိုထုတ်၍လည်း မြင့်ဂုဏ်လက်ထဲသို့ အ
တင်းထိုးထည့်ပေးနေသည်။

မြင့်ဂုဏ် အတန်ကြာ ငိုင်သွားပြီးမှ ထိုပိုက်ဆံ
နှစ်ရာကျပ်အား သန့်ရန်ရှင်းလက်ထဲသို့ ပြန်
ထည့်ပေးလိုက်၏။မျက်နှာကိုလည်း အနည်း
ငယ်ကုတ်ထားရင်း ...

"အဲ့ပိုက်ဆံကို သန့်ပဲပြန်ယူထားလိုက်ပါ"

ရန်ရှင်းသည် အလိုမကျမူနှင့် မျက်နှာထားကို
မှုန်သုန်ထားပြီး မျက်လုံးများကလည်း
မှေးစင်းလျက်ရှိသည့်တပြိုင်နက် လက်ထဲမှ ပိုက်ဆံ နှစ်ရာကိုလည်း မြေပြင်ကြီးသို့ ပစ်ချ
ရင်းဆို၏။

"မင်းမယူဘူးဆိုလို့ ငါလွှင့်ပစ်လိုက်ပြီ"

မြင့်ဂုဏ်မှာ ငိုင်တိုင်တိုင်လေးဖြင့် ထိုပိုက်ဆံကို ပြန်ကောက်ယူပြီး သူ့အိတ်ကပ်ထဲကိုပင် ထည့်သိမ်းလိုက်၏။နောက်ပြီး သူ့စာအုပ်ကြားထဲမှ
ငါးဆယ်တန်အသစ်ကလေးကိုထုတ်ကာ အမ်း
ငွေအဖြစ် ရန်ရှင်းအား ပြန်ပေးလေသည်။

"ဆေးဖို့က တစ်ရာ့ငါးဆယ်ပဲ ကျတာပါ၊ဒါက
ပြန်အမ်းငွေ ငါးဆယ်"

နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံ(Complete)Where stories live. Discover now