အပိုင်း( ၈ ) U/Z

449 10 15
                                    

အပိုင်း( ၈ )

စာကြည့်စားပွဲ၌ စာကျက်ဖို့ရန် ပြင်ဆင်နေချိန် ရေဒီယိုမှ ထုတ်လွှင့်လာသည့် အဆိုရှင် ဖိုးချို၏ သီချင်းကြောင့် မြင့်ဂုဏ်တစ်ယောက် အတွေး
များစွာ ဝင်ရောက်လာ၍ စာပင် မကျက်နိုင်ဖြစ်
ရလေသည်။

စာအုပ်ကလည်း ပိတ်လျက်သားနှင့် လက်ရာ
မပျက်ရှိနေသေး၏။ထို့ကြောင့် စာအုပ်အဖုံး
ကိုလှန်ကာ ဖတ်ဖို့ အားယူနေတုန်း ရေဒီယိုကို
အသံချဲလိုက်သည့် ကြီးကြီးစိုးကြောင့် လွမ်းမောဖွယ်၊ဝမ်းနည်းဖွယ်ကောင်းလှသည့် ထိုအဆွေးသီချင်း၏ သံဇဥ်ကို တိတိကွင်းကွင်း ကြားလိုက်
ရ၏။ထိုမှတစ်ဆင့် သန့်မျက်နှာကလေးပါ ပေါ်
လာရသည်။

သန့်က မိမိကိုယ် ပြုံးပြနေ၏။သန့် လွယ်နေကျ
အပြာရောင်လွယ်အိတ်ကလေးနှင့်ပင်။ပြီးတော့ ကတ္တီပါဖိနပ်ကလေးကိုပါ စီးထားသေး၏။

သြော် ...သန့် ...သန့် ...သန့် ...

မိမိ၏ ရင်ထဲမှ အမည်မသိခံစားချက်နှင့်အတူ
ဝင်ရောက်လာသည့် သန့်ဟူသော အမည်နာမ
လေးကို စိတ်ထဲမှ တိုးတိုးလေး ရွတ်မိနေတုန်း သီချင်း၏ သံစဥ်နှင့်စာသားများဟာ ပျံ့နှံ့လျက်၊ဆွေးလျက် ထွက်ပေါ်တော့သည်။

♪ နောက်လှည့်အကြည့်တစ်ချက် ဆိုသာရုံလေး
   ညို့မျက်ဝန်းရှင်ရယ် ~ ~ ~

  မင်းပေးသွားတဲ့ ရင်ဝေဒနာတွေလည်း စက္ကန့်ရွေ့အမျှပါပဲ ~ ~ ~

  ကလေးငယ်လို လိုလားမူများစွာနဲ့ရယ် တောင်း
  ခံသူကို ~ ~ ~

  အချစ် တစ်ခြမ်းတစ်ဖဲ့ ဖြစ်ဖြစ် စေတနာ သဒ္ဒါ
  သလောက် မျှခဲ့ပါ ~ ~ ~

  အချစ် လမ်းတစ်ဝက် ဖြစ်ဖြစ် ကြင်နာနိုင်သ
  လောက် ရွေ့လှမ်းပါ  ~ ~ ~

  အချစ် ပန်းတစ်ဝက် ဖြစ်ဖြစ် တွယ်တာနိုင်သ
  လောက် စွန့်ခဲ့ပါ ~ ~ ~

  နားနဲ့မနာ ဖဝါးနဲ့မနာ နှလုံးသားနဲ့ နာတော်မူပါ
 
  ပြောလှည့်ပါ ဟောခဲ့ပါ အချစ်တရားဦး
  တစ်ပုဒ် နာလိုသူမှာ ~ ~ ~

  အ​တွေးများစွာ ပေးထားကာ အရှုံးအမြတ်
  အတွက် မရေရာသူမှာ ~ ~ ~

  နေလောင်းပန်းတို့ရဲ့ငိုရှိုက်သံနှင့်အတူ ရော်ဝါ
  ရွက်တို့ရဲ့ညိုးငယ်စိတ်နဲ့အတူ ~ ~ ~

နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံ(Complete)Where stories live. Discover now