"မင်းလက်ထဲက ဘာတွေလဲ မြင့်ဂုဏ်
ငါ့ကိုပြကြည့်"ဝသီမပျောက်သည့် ကျော်ထိုက်စံသည် ထုံးစံ
အတိုင်း ငတ်ကြီးကျဖို့ စတင်၏။မြင့်ဂုဏ်၏
လက်ခုပ်ထဲမှာပါလာသောအရာကို သူသိချင်
လိုသောကြောင့် လွယ်အိတ်ကိုလည်း ရဲသီဟဆီ
ပစ်ပေးထားခဲ့ပြီး ပုဆိုးကို ခတောင်းမကျိုက်
ရုံတမယ် ခပ်တိုတိုပြင်ဝတ်ကာ မြင့်ဂုဏ်နောက်
သို့ အသေးအသန်အပြေးလိုက်သွားလေသည်။"ဘာလဲ ...အဲ့တာဘာလဲ၊ငါသိတယ်နော်၊
ငါ့တို့ကိုမကျွေးချင်လို့ ဝှက်ထားတာမလား""မင်း စားချင်လို့လား?"
"အေ့"
"ဟိုးမှာ တွေ့လား၊အဲ့မှာ ကြိုက်သလောက်
သွားကောက်စားလိုက်"မြင့်ဂုဏ်သည် ကျော်ထိုက်စံအား ကျောင်း
ဘေးက ခရေပင်ဆီမေ့ငေါ၍ ပြလေသည်။
ကျော်ထိုက်စံက ဘာဆိုင်လို့လဲဟုသည့် ပေ
စောင်းစောင်းမျက်နှာပေးနှင့်လုပ်နေကာ သူ့
လက်ခုပ်ထဲက ခရေပန်းကိုလည်း အတင်း
ဆွဲလုကြည့်ရာ စိတ်မရှည်သောမြင့်ဂုဏ်က
ကျော်ထိုက်စံ၏ တင်ပါးကို ဖနောက်နှင့်ကန်
ထည့်ပစ်လိုက်ရင်း အသံစာစာနှင့်အော်သည်။"အတော်ငတ်ကြီးကျနေလား၊ဝက်ဆိုတော့
စားဖို့ပဲသိတယ်၊ဘာလာလာ စားမယ်ဆိုတာ
ချည်းပဲ"ကန်ခံလိုက်ရသည့်အရှိန်ကြောင့် ခပ်လှမ်းလှမ်း
ရောက်သွားသော ကျော်ထိုက်စံမှာ တင်ပါးကို
ပွတ်ကာ ထော်နင်း,ထော်နင်းနှင့် လျှောက်လာ
ပြန်သည်။ဒါတောင် မကျေနပ်သည့်ရုပ်နှင့် မြင့်
ဂုဏ်လက်ထဲက ခရေပန်းကိုလည်း မယုံသင်္ကာ
ကြည့်နေသေး၏။"ဒီကောင် ဘာလဲဟ၊ရော့ ...ခရေပန်းပါဆိုနေ"
မြင့်ဂုဏ်က ဆောင့်ကြီးအောင့်ကြီးဖြင့်ပြလျှင်
ကျော်ထိုက်စံက ခေါင်းတကုတ်ကုတ်နှင့်ကြည့်
ရင်း ..."အဲ့ဒါ ခရေပန်းလား?"
"ခရေပန်းမဟုတ်လို့ မင်းကြီးတော်လား"
"မသိလေ၊ငါဖြင့် စားစရာ တစ်ခုခုထင်လို့၊
ဒါထက် အဲ့ခရေပန်းကို မင်းဘာလုပ်ဖို့လဲ""ဘာလုပ်လုပ်ပေါ့၊တော်ပြီ တော်ပြီ မင်းကို
ရှင်းပြနေတာနဲ့ပဲ အချိန်ကြာတယ်"
YOU ARE READING
နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံ(Complete)
Romance"မင်း ငါ့ခံစားချက်ကို နားလည်ပါမလား မသိဘူး၊ငါတော့ နားမလည်တော့လို့ ရူးတော့မယ် သန့်ရာ ..." [ဓနမြင့်ဂုဏ်] "မင်းက ခံစားချက်မပါလည်း လုပ်တတ်တဲ့ ကောင်မျိုးဆိုတော့... မင်းရူးနေလို့ပေါ့" ...