ဇာတ်သိမ်းပိုင်း

342 12 13
                                    

သုံးနှစ်ခန့် ကြာပြီးနောက်။

အဖေသည် မနှစ်ကသင်္ကြန်မှစပြီး ရာသက်
ပန် သာသနာ့ဘောင်ထဲသို့ ဝင်သွားခဲ့လေသည်။
အဒေါ်ကတော့ ဖွားမေကို အဖော်ပြုပေးရင်း
ကျန်ရစ်ခဲ့၏။ဖွားမေက ယခုဆို အသက်အ
ရွယ်က စကားပြောလာပြီး ဒူနာသည့် ဝေဒနာ
ကို ခံစားနေခဲ့ရခြင်းပင်။သူသည်လည်း ဖွားမေ
နှင့်အဒေါ်အား မကြာခန သွားရောက် ကြည့်
ရှူဖြစ်သည်။အချိန်ပြည့်တော့ မသွားအားပေ။
အိမ်မှာက နောက်လှည့်လို့မရသည့် အနေအ
ထားရှိ၏။ကလေး တစ်ဖက်နှင့်ဆိုတော့ဖြင့်။

ဟော ... ပြောရင်းတောင် သားဖနှစ်ယောက်
ရောက်လာပြီ။

"ဖီဖီ ... ဖီဖီ ..."

သားက ခုန်ပေါက်ကာ သူ့ဆီအပြေးကလေး
လာသည်။လက်မှာလည်း တစ်ခုခုကို ကိုင်
ထားလျက်သား။ဟိုကောင် ကလေးကို ဘာ
တွေ ကျွေးလာပြန်ပြီလဲ မသိ။လမ်းဘေးစာ
တွေ လျှောက်လျှောက် မစားနှင့်ဟုပြောသော်လည်း သားဖနှစ်ယောက်က ပြောမရ
ပေ။

သူ သက်ပြင်းကလေးချပြီး မြင့်ဂုဏ်ကို
မျက်နှာကုတ်ကြည့်လိုက်သည်။မြင့်ဂုဏ်က
သူ့အပြစ်သူသိ၍ သွားကြီးတဖြီးဖြီး လုပ်
နေ၏။ထို့အပြင် သူ့စစ်ကူကလေးက ပါ
လာသေးသည်။

"အီး ... ဖီကြီးကို ဆူနဲ့ ... တား ...တား
ကျားချင်ယို့ ..."

သန့်ရန်ရှင်းသည် နှုတ်ခမ်းစူပြီး ပြောနေ
သည့်သားကို အေးချမ်းစွာ ပြုံးပြလိုက်ပြီး

"ကဲ ...မဆူဘူး၊ဖေဖေ ဘယ်သူ့မှ မဆူဘူး
ဟုတ်ပြီးလား ... ဟိုမှာ ဖိုးဖိုးကြီးနဲ့ သွား
ဆော့လိုက်ဦး"

ကစားစရာအရုပ်တွေပိုက်ကာ အခန်းထဲမှ
ထွက်လာသည့် ဦးစိုးလွင်ကိုတွေ့လျှင် ဂုဏ်
ရည်လေးက ကိုးရိုးကားယားနှင့် ပြေးသွား၏။
ဦးစိုးလွင်ကလည်း အရုပ်တွေကိုလက်ထဲကချ
ပြီး မြေးဖြစ်သူကို ပွေ့ချီကာ ခြံဝန်းထဲသို့ မြေး
ဖိုးနှစ်ယောက်က ရှောင်ထွက်သွားလေသည်။

မြင့်ဂုဏ်ကတော့ အဖေ့လုပ်ရပ်ကို သိနေ
သောကြောင့် နှာခေါင်းတရှုံ့ရှုံ့လုပ်ကျန်ခဲ့
၏။

အဖေဟာ အမြဲတမ်း သည်အတိုင်းပင်။သန့်
က သူ့ကို ဆူတော့မယ်ဟေ့ဆိုတာနှင့် ကူဖော်
လောင်းဖက်မရပါပဲ မြေးကိုချီပြီး ခြံထဲဆင်း
ကာ မသိချင်ယောင်ဆောင်နေတတ်သည်။အမြဲ
လိုလို သည်အတိုင်းပါပဲ။သားဖြစ်သူကို ကျီးထိုး
ထိုး၊လောက်ထိုးထိုး စိတ်မဝင်စားခြင်းမရှိ။

နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံ(Complete)Where stories live. Discover now