အပိုင်း( ၆ ) U/Z

514 10 12
                                    


"အင်း ...သွားကြတာပေါ့"

နှစ်ယောက်သားက လက်ချင်းချိတ်ဆက်ကာ
အတူယှဥ်လျက် မုန့်စျေးတန်းသို့ ဦးတည်
လျှောက်လာကြသည်။ခရေပင်ရိပ်ကိုခိုပြီး
လည်းလျှောက်ကြသည်။တစ်ဦးနှင့်တစ်ဦး
လည်းတိတ်ဆိတ်နေပြီး ပြုံးရုံမျှသာပြုံးကြ
၏။

ထိုတိတ်ဆိတ်သည့်အခြေအနေကို မြင့်ဂုဏ်
က အသက်သွင်းလာသည်။

"သန့်က ဘာလို့ ခရေပန်းကြိုက်သလဲ?"

မျက်တောင်ကော့ကြီးများကို မှေးစင်းပြီး
ရန်ရှင်းက သူ့ကို အတန်ကြာစိုက်ကြည့်သည်။
ပြီးမှ တစ်ခစ်ခစ်ရယ်လျက်...

"သြော် ... ခရေပန်းပဲ မကြိုက်ရဘူးလား။
မြင့်ဂုဏ်မှာရော ကြိုက်တဲ့ပန်း တစ်ခုခု
မရှိဘူးလား?..."

"ရှိတယ်လို့ထင်တာပဲ..."

"နို့ ...ဘာပန်းလဲ ဆိုစမ်းပါဦး"

မြင့်ဂုဏ်မှာ တွေဝေသွားရသည်။

သန့်က မိမိကို ဘာပန်းကြိုက်သလဲတဲ့၊မိမိ
ကော ဘာပန်းကြိုက်ပါသလဲ ...

လာဗင်ဒါ ...အင်း ...လာဗင်ဒါ ...

အဲ့ဒီပန်းက မိမိကြိုက်သလား ...မဟုတ်၊
သန့်ကြိုက်သောပန်း။

မြင့်ဂုဏ်သည် သက်ပြင်းချရင်း မျက်နှာကို
ကုတ်ထားလေသည်။

"ဘာတွေ တွေးနေသလဲ မြင့်ဂုဏ်၊ဧကန္တ
မင်းမှာ ကြိုက်တဲ့ ပန်းမရှိဘူးထင်တယ်"

မျက်ခုံးကို တွန့်ကြေအောင်ကုတ်ထားသည့်
မြင့်ဂုဏ်က

"အာ ...ရှိတယ်၊ရှိတယ်။ဟိုသင်း ...
လာဗင်ဒါ"

"မင်းလည်း လာဗင်ဒါကြိုက်တယ်!"

သန့်က တိုက်တိုက်ဆိုင်ဆိုင်ဟူသည့်အထင်နှင့်
အံ့သြသင့်စွာ ပါးစပ်ကလေး အဟောင်းသားနှင့် သူ့ကိုကြည့်၏။

သူဖန်တီးပြီး ပြောလိုက်သည်ကို အကြိုက်
ချင်းတူနေသည်ဟု သန့်ကထင်နေပုံ။ထင်
ပါစေ...သန့် ကျေနပ်လျှင် မိမိလည်း ကျေ
နပ်ရသည်ပဲ။

သန့် အကြိုက်တွေ့သည့်ပန်း မိမိကြိုက်သည့်
ပန်းပေါ့ ...

ဘာဆန်းသလဲ။လူတူမရှား၊နာမည်တူမရှား
တောင် ရှိသေးတာပဲ၊အကြိုက်ချင်းတူတာ
ကော ဆန်းသလား။

နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံ(Complete)Where stories live. Discover now