အပိုင်း( ၂၈ ) U/Z

254 8 12
                                    


ဖိုးချစ်မောင်သည် အုပ်စုလိုက် ရောက်ချလာ
သည့် သူတို့အဖွဲ့ကိုလှမ်းကြည့်ကာ ရန်ရှင်းနှင့်
ခါနွေဦးကိုလက်ကုတ်ရင်း ...

"သူတို့လာတယ်"

ပြောပြီး နောက်တန်းက မြင့်ဂုဏ်ဆီ ပျာပျာ
သလဲပြေးသွား၏။

"မြင့်ဂုဏ် မြမောင်ပါလာတယ်"

"မြမောင် ..."

မြင့်ဂုဏ်နှုတ်မှ ခပ်တိုးတိုးရေရွတ်ရင်း
အဖွဲ့ထဲကိုလှမ်းကြည့်ရာ ဖိုးချစ်မောင်
ပြောသည့်အတိုင်း မြမောင်ဆိုသည့်တစ်
ယောက်က ပါလာသည်။

"တကယ်မြမောင်ပဲ၊ဒါနဲ့ သူက ငါတို့ထဲ
ဘာလို့ပါလာတာလဲ?"

"မြမောင်အစ်မက မင်းမမစန်းနဲ့သူငယ်ချင်း၊
သန့်ရန်ရှင်းနဲ့လည်း အဆက်ရှိတယ်လို့ ကြား
တယ်၊ပြီးတော့ ..."

"နေဦး ... နောက်ဆို အဲ့ရှေ့ကစကားကို
ဆင်ဆင်ခြင်ခြင်ပြော၊မမစန်းနဲ့ငါက ဘာမှ
မပတ်သက်တော့ဘူး"

"သြော် ...အေး အေး၊မပြောဘူး၊ဒါနဲ့ ရန်ရှင်း
ကိုတော့ ပြန်ခေါ်လိုက်၊ဟိုက မင်းအခေါ်အ
ပြောမလုပ်လို့ စိတ်မကောင်းဖြစ်နေတယ်"

မြင့်ဂုဏ်က ဖိုးချစ်မောင်ကို တစ်ချက်ကြည့်
ကာ သူ့ကိုကျောခိုင်းအနေအထားဖြစ်နေသည့််
ရန်ရှင်းကျောပြင်တစ်ခုလုံးကို ငေးကြည့်နေ
၏။ပြီးတော့ အသာအယာတစ်ချက်ပြုံးလျက်
ရှေ့သို့အနည်းငယ်တိုးကပ်သွားလေသည်။

"သန့် ..."

သူခေါ်တော့ ရန်ရှင်းပခုံးလေးက ကျုံးဝင်
သွား၏။အချင့်မရဲလေးနှင့်လည်း နောက်
ကိုလှည့်ကြည့်လာသည်။

"အင်း ဘာပြောမလို့လဲ"

မျက်ရည်အဝိုင်းသားနှင့်မျက်နှာငုံ့ထားဆဲ
ဖြစ်နေသူကို သူသည် ခပ်နက်နက် စိုက်
ကြည့်မိသည်။နောက်ပြီး ရယ်ချင်ချင်ဖြစ်
လာ၏။သန့်က သူ့အမိန့်ကို နာခံတတ်သည့်
ကောင်လေးတစ်ယောက်ဟုလည်း သူသိ
လိုက်ရသည်ပင်။စိတ်လိုက်မာန်ပါ ဒေါသနှင့်
သူရှေ့မှာလာမငိုဖို့ ပြောလိုက်သည်ကို စွဲစွဲမြဲ
မြဲမှတ်ထားပုံပင်။

မြင့်ဂုဏ်ကိုယ့်အတွေးနှင့်ကိုယ် ပြုံးမိပြီး
ရန်ရှင်းကို မျက်တော်မခတ်ကြည့်ရင်း ...

နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံ(Complete)Where stories live. Discover now