သည်နေ့သည် အတာသင်္ကြန် အကျနေ့။
သည်နေ့ပြီးလျှင်သင်္ကြန်က ပြီးတော့မည်။
သင်္ကြန်ကို လွမ်း၍ ကျန်ရစ်ရတော့မည်။ထို
သို့ကြောင့်ထင်သည် စင်အောက်က လူများ
သည် အပြတ်အသတ်ကခုန်နေကြ၏။ထိုအ
ထဲတွင် သန့်ရန်ရှင်းလည်းပါသည်။ကျန်သည့်
ငနဲကောင်တွေကတော့ပြောစရာမလို။အစက
တည်းက ကမြင်းကြောပိုးရှိတော့ ယခုဆိုလျှင်
ပိုဆိုး၏။စင်အောက်၌ ကခုန်သူထဲ မြင့်ဂုဏ်
တော့မပါ။မြင့်ဂုဏ်သည် စင်ပေါ်မှာသီချင်းတက်ဆို
မည်ဟု ကြွေးကြော်ကာ သူတို့ရေသွားပက်
တောင် မပက်မခံ။မြင့်ဂုဏ်က ဖက်ဖူးစိမ်း
ရောင်စပို့ရှပ်နှင့် ဂျင်းဘောင်းဘီအရှည်အပွ
ကို သားသားနားနား ဝတ်ဆင်ထားခဲ့၏။လူက
ညှိုသည်။အင်္ကျီက အရောက်တောက်သည်။
သို့ပေမဲ့ မျက်နှာက ခန့်သည့် ဓာတ်ခံရှိတော့
ကြည့်ရအဆင်ပြေ၏။သင်္ကြန်ပုတီးကုံး ဆွဲထားသော မြင့်ဂုဏ်သည်
မတိုမရှည်ဆံပင်ကို ခါတိုင်းလို ဆီးမလိမ်းဘဲ
ဖွထား၏။ဆံပင်က နဂိုကတည်းက ခပ်ကောက်
ကောက် ခပ်ဖွာဖွာ။ဆီမလိမ်းထားတော့ ကောက်
ချင်နေသည့်ဆံပင်က ပို၍ ကောက်သွားသလို။
ဆံပင်က ဖွာလည်းဖွာတော့ ပုံသွင်းထားသည်
နှယ် အလားတူပင်ဖြစ်နေ၏။တစ်မျိုးတစ်ဖုံ
တော့ ကြည့်၍ ကောင်းနေသည်။ကခုန်နေသော သန့်ရှင်းသည် စင်ထောင့်က
မြင့်ဂုဏ်ကို မျှောကြည့်ကာ လက်မကလေး
ထောင်ပြ၏။မျက်နှာကလည်း ပြုံးဖြီးလျက်
သား။အလှည့်ကျရန် စောင့်နေရသည့် စင်ပေါ်က
မြင့်ဂုဏ်ကလည်း စင်အောက်က သူ့လူကို
တွေ့သည်နှင့် ချက်ချင်းပင် ပြေးဆင်းလာ
တော့သည်။"သန့် ..."
သန့်ဟု ထပ်ခါထပ်ခါ ရေရွတ်ပြီး မြင့်ဂုဏ်က
လူအုပ်ထဲသို့ တိုးဝင်လာသည်။သန့်ရန်ရှင်းက
ပြုံးစစနှင့် လက်ကာတားရင်း ..."မလာခဲ့နဲ့၊ရေစိုမယ် ..."
"ဟမ် ... ဘာပြောတာလဲ"
အသံက မကြားရ။ဆောင်းဘောက်က အသံ၊
လူအုပ်ထဲက အသံ ထိုအသံတွေသည် သူတို့
နှစ်ယောက်ကြားထဲ ဆူံညံလို့နေ၏။
YOU ARE READING
နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံ(Complete)
Romance"မင်း ငါ့ခံစားချက်ကို နားလည်ပါမလား မသိဘူး၊ငါတော့ နားမလည်တော့လို့ ရူးတော့မယ် သန့်ရာ ..." [ဓနမြင့်ဂုဏ်] "မင်းက ခံစားချက်မပါလည်း လုပ်တတ်တဲ့ ကောင်မျိုးဆိုတော့... မင်းရူးနေလို့ပေါ့" ...