"မြင့်ဂုဏ် ...သား ... "
"ဟုတ်ကဲ့ ဆရာမ"
ရန်ရှင်းနားကပ်နေသည့် မြင့်ဂုဏ်က ဆရာမ
ခေါ်သံကြောင့် ခေါင်းထောင်ကြည့်သည်။"မောင်စိုင်းနဲ့ခါနွေဦးတို့ အဆင်ပြေရဲ့လား
မသိဘူး၊တစ်ချက်သွားကြည့်ပေးပါဦး ...
စာကြည့်ခန်းထဲမှာပဲ""ဟုတ်ကဲ့ ဟုတ်ကဲ့"
မြင့်ဂုဏ်သည် ရန်ရှင်းလက်ကလေးကို ဖိဖိ
ညစ်ရင်း ဆရာမ၏ အရိပ်အယောင်ကိုကြည့်
ကာ ဆရာမက တစ်ဖက်သို့မျက်နှာလွှဲသွားမှ ရန်ရှင်း၏ ပါးမို့မို့လေးကို အလုအယက် ဖိနမ်း
လေသည်။ရန်ရှင်းက ပါးစပ်ကလေးအဟောင်းသားဖြစ်
နေကာ အီလည်လည်မျက်နှာထားကလေးနှင့်လည်း သူ့ ဗိုက်ခေါက်တွေအား လိမ်လိမ်ဆွဲ၏။"ခင်ဗျား သိပ်ဂျိုထ,နေပါလား ဓနမြင့်ဂုဏ်"
"အာ ...သန့်ကလည်း ..."
"သန့်ကလည်း လုပ်မနေနဲ့ ဆရာမခိုင်းတာ
သွားကြည့်ပေးလိုက်ဦး"မြင့်ဂုဏ်မှာ မျက်နှာတစ်ခုလုံး မှုန်သုန်သွား
လျက် ..."ဒီနေ့တစ်နေ့လုံး အနားအကပ်မခံဘူးနော်၊
လူကို ရှောင်ဖယ် ရှောင်ဖယ်နဲ့ ၊ပြော အဲ့ဒါ
ဘာသဘောလဲ?"ရန်ရှင်း တစ်ခစ်ခစ်ရယ်သည်။ထိုအခါ မြင့်
ဂုဏ်က မျက်နှာကို ကုတ်သထက်ကုတ်ထားပြီး
နှုတ်ခမ်းကိုလည်း ဟွန်းခနဲ မဲ့ပစ်၏။"ဘာရယ်စရာ ပါလို့လဲ၊ငါ အကောင်းပြော
နေတာကို သန့်ကလည်းကွာ"မြင့်ဂုဏ်အသံက ခပ်စူစူ။ညစ်လည်း ညစ်
နေပုံပင်။သူလည်း လူကြီးတွေမိမှာစိုး၍
မြင့်ဂုဏ်အား တစ်ချိန်လုံး ရှောင်ဖယ် ခဲ့မိ
သည်ပင်။အခွင့်အရေးရတုန်း မြင့်ဂုဏ်ဟာ
သူ့အနားလာကပ်သည့်အချိန်မှာ ကံမကောင်း
စွာပဲ ဆရာမ၏ အလုပ်ခိုင်းခြင်း စ,တင်ပေါ်
ပေါက်လာခြင်းဖြစ်၏။"အင်း အင်း မရယ်တော့ဘူး ..."
"မရယ်နဲ့ ...ရယ်ရင် ငါ့အကြောင့်ကို သိစေ
ရမယ်မှတ်""ဟော ...ဘာဖြစ်ပြန်တာ ခင်ဗျား"
"သတိပေးနေတာလေ၊ထပ်ရယ်လို့ကတော့
ဒီတစ်ရပ်ကွက်လုံးမြင်သွားအောင် ငါ မင်းကို
ဖက်နမ်းပစ်မှာ"
YOU ARE READING
နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံ(Complete)
Romance"မင်း ငါ့ခံစားချက်ကို နားလည်ပါမလား မသိဘူး၊ငါတော့ နားမလည်တော့လို့ ရူးတော့မယ် သန့်ရာ ..." [ဓနမြင့်ဂုဏ်] "မင်းက ခံစားချက်မပါလည်း လုပ်တတ်တဲ့ ကောင်မျိုးဆိုတော့... မင်းရူးနေလို့ပေါ့" ...