အပိုင်း( ၁ ) U/Z

1.2K 26 6
                                    

၁၉၉၉ခုနှစ်(ပြာသိုလ)ဒီဇင်ဘာရဲ့
ညတစ်ည ....

မြန်မာလများတွင်မူ ၁၀လမြောက်
ဖြစ်သော ပြာသိုလ။အင်္ဂလိပ်လမူကား
ဒီဇင်ဘာလ။ပြာသိုလသည် အင်္ဂလိပ်
လ၏ ဒီဇင်ဘာလမှဇန်နဝါရီလအတွင်း
ဖြစ်သည်။တစ်နည်းအားဖြင့် ပြာသိုလ
သည် ဘုရားပွဲကျင်းပသော လ,ဖြစ်၏။
ရှေးယခင်က မြန်မာဘုရင်များသည်
ပြာသိုလ၌ မြင်းခင်းသဘင်ပွဲများကို
တစ်လလုံးကျင်းပသည်ဟု ဆိုကြသည်။
အဆိုပါပြိုင်ပွဲများဖြင့် နိုင်ငံတော်၏
ကာကွယ်ရေးတပ်ဖွဲ့များကို ရွေးချယ်
တင်မြှောက်ကြလေ့ရှိသည်ဟု ဆိုပြန်
သည်။

"နတ်တော်ရောက်ငြား မိုးသားမငြိမ်၊
ဆင်ရာတိမ်"ဟူ၍ မိုးသားလည်းမငြိမ်
သော ဆောင်းအဝင်ကာလကိုပင်ကျော်
လွန်ခဲ့ပြီး ပြာသိုလသို့ပင် ရောက်ရှိခဲ့
လေပြီ။ပြာသိုလ(ဒီဇင်ဘာ)သည်
အလွန်အေးသော လပင်ဖြစ်သည်။

ဒီညဆောင်းက အလွန်ပင်ချမ်းသည်။ကောင်းကင်၌လည်း မှုန်ပြပြကဲ့သို့ မီးခိုး
ရောင်လွင့်လွင့် သန်းနေကြသေး၏။
ကြယ်တွေ၊လတွေထွက်လာမည့်အထင်နဲ့
ခပ်ရွယ်ရွယ်ကောင်လေးက စောင့်ကြည့်
နေသည်။ထိုကောင်လေးနဘေး၌လည်း
အသက်ကြီးကြီးမိန်းမကြီးတစ်ဦး။အသက်
အရွယ်အားဖြင့် ၁၅နှစ်အရွယ်ကောင်းလေး
နှင့်အသက်၆၀ခန့်မိန်းမကြီးတို့ပင်ဖြစ်သည်။

ကောင်လေးမှ ကောင်းကင်ကိုမော့ကြည့်
ပြီး ညည်းညူကာ ပြော၏။

"လ လည်းထွက်မလာပါဘူး။ဒီလ,ထွက်
တာကြည့်ပြီးမှ သွားလို့မရဘူးလား ..."

"လ ထွက်တာဖြင့် ဟိုရောက်ရင်လည်း
ကြည့်လို့ရတာပဲ..."

ထိုသို့မှတ်ချက်ပေးပြီး မိန်းမကြီးက
ခပ်ရွယ်ရွယ်ကောင်ကလေးကိုကြည့်ပြီး
ရယ်သည်။ကောင်ကလေးက မျက်နှာကို
စူပုတ်ပုတ်လုပ်ရင်း ခြေချင်းလိမ်ကာ
တွန့်ခွေနေ၏။။အကြောင်းအရင်းက
​မွေးရပ်မြေကိုစွန့်ခွာပြီး မြို့ပြကြီးကို
သွားချင်ပုံမပေါ်။ကြိုက်လည်းမကြိုက်ပုံ။

ကောင်လေးက  ပီပြင်တဲ့နှုတ်ခမ်းအလှမှ
မအီမသာ အပြုံးတစ်ခုကို ပြုံးလိုက်ရာ
မိန်းမကြီးက ရိပ်မိသွားသဖြင့် ပုခုံးကို
လှမ်းပုတ်၏။

နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံ(Complete)Where stories live. Discover now