Uni
သူနဲ့ P 'Jeffနဲ့ ခေါင်းဆောင်အား အလေးပြုလို့ ယနေ့ဖြစ်စဉ်မှန်သမျှကို ထုံစံအတိုင်း P'Jeffက တင်ပြပေးလေတော့ ခေါင်းတညှိတ်ညှိတ်နဲ့ နားထောင်ပြီးအနောက် .....
"ယနေ့တာဝန်ကျေပါတယ် Jeff သက်သေခံပစ္စည်းတွေ သေချာကိုယ်တွယ်ပါ ငယ်သားတွေထဲ ထိမိသူ
ရှိသေးလား ''အနည်းငယ်လောက်ပါပဲ ခေါင်းဆောင် '
'ကောင်းပြီ မင်းကပဲဂရုစိုက်ပေးလိုက်ပါအုန်း ထွက်သွားလို့ရပြီ '
'ဟုတ်ကဲ့ပါ ခေါင်းဆောင် '
P'Jeff လဲ ခေါင်းဆောင်အားအလေးပြုပြီး သူ့အား
မျက်ရိပ်ပြလို့ အခန်းပြင်အမြန်ထွက်သွားလေတော့သည်။ ခုတော့ အခန်းထဲဝယ် သူနဲ့ ခေါင်းဆောင်နဲ့သာကျန်တော့သည်။'Offroad '
တိတ်ဆိတ်နေတဲ့အခန်းထဲ ရုတ်တရက် ထွက်ပေါလာ တဲ့ အသံကြောင့် သူဒီနေ့ဘာတွေမွှေထားလဲ ခေါင်းေဆာင်သိပြီးလောက်ပြီပင်။
'ဟုတ် .... ဟုတ်ကဲ ခေါင်းဆောင် '
'ထိုင်ပါအုန်း ..... '
ခေါင်းဆောင်စားပွဲရှေ့မှ ထိုင်ခုံအား ညွှန်ပြလာတာ
မို့ သူခေါင်းခါငြင်းမိလေတယ်။'မ... မထိုင်တော့ပါဘူး ခေါင်းဆောင် ကျနော်အဆင်
ပြေပါတယ် ''Offroad ဒီနေ့မင်းကိုတာဝန်ပေးလိုက်တဲ့နေရာ.... '
ခေါင်းဆောင်စကားမဆုံးခင် သူဖြတ်ပြောမိလေတယ်။
'ခေါင်းဆောင် .... ဒါ ကျနော်ရှင်းပြလို့ ရပါတယ် ....'
"ဒုန်း !!!"
ရုတ်တရက် စားပွဲခုံကို ထုလိုက်တဲ့ အသံကြောင့် သူရဲ့ ထွက်ပေါ်လာတော့မဲ့ ရှင်းပြချက်တွေမှာ ပါးစပ်ဖျားတင်ပျောက်ကွယ် လို့သွားလေသည်။
'တိတ်စမ်း !!! Offroad မင်းကိုနေရာချပေးတဲ့နေရာ မှာပဲမင်းတာဝန်ထမ်းဆောင်နေရမှာလေ
မင်းအမိန့်ကို မနာခံတာလား ''ခေါင်းဆောင် ကျနော့်ကိုဒီတခုတော့ နားလည်ပေးပါ ... ကျနော်မိသားစု ....'
'ငါသိတယ် Offroad မင်းမိဘတွေ သေဆုံးမှုက အဲ့
Cover အဖွဲ့ရဲ့ လက်ချက်ဆိုတာ ငါသိပြီးသားအဲ့အတွက် ငါ မင်းကို ဘာပြောခဲ့တာရှိလို့လဲ '
YOU ARE READING
Behind (Bl )
FanfictionHello Everyone 🤠🤠🤠 ခုတလောFanfic တပုဒ်အရမ်းရေးချင်စိတ်တွေဖြစ်နေလို့ပေါ့နော်။ ခုတလော အဖိုးတို့အတွဲကို အရမ်းတွေ ဖောအင်လပ်နေတော့ P'Daou နဲ့ P'offroad တို့အတွက် fanfic လေးရေးချင်လာလို့ပါ။ အဖိုးကိုမာဖီးယားပုံစံလေးသွင်းကြည့်မယ်ပေါ့နော်။ အဖိုးမျက်နှာက...