7

200 25 3
                                    

Uni

သူတို့ရဲ့ နားခိုရာအိမ်တော်ထဲသို့ ကားရပ်ပြီးချက်ချင်း Offroad အားပွေ့ချီလို့ အိမ်အပေါ်ထပ်
ပြေးတက်သွားသူနောက် Tob နဲ့ Dinမှာ အပြေးလိုက်ရလေသည်။ အရှေ့မှလူမှာတော့ ......

'Wat !!! မင်းအခန်းထဲ အခုချက်ချင်းလာခဲ့!!'

သူတို့လဲအခန်းထဲအရောက် Daou တယောက် Offroad အား အိပ်ရာထက်ဖြေညှင်းစွာ နေရာချပေးလေသည်။  သူနေရာချပြီးပြီးချင်း ဘေးနား
ထွက်ရပ်ဖို့လုပ်ပေမဲ့ သူ့လက်အားအတင်းဆွဲထားတဲ့
Offroad ကြောင့် Daou လဲ ထိုလူသားဘေးနားမှာ
သာဝင်ထိုင်ပေးလိုက်ရသည်။

သူထိုင်ပြီးပြီးချင်း သူခါးအားအတင်းတွယ်ဖတ်ထားသူကြောင့် ထိုလူသားကျောပြင်လေအား ဖွဖွလေးပုတ်ပေးနေရသည်။ ထို့နောက်တံခါးဝမှ Tobနဲ့ Din
အားလှည့်ကြည့်လိုက်လေသည်။

'Wat ကော သူဘယ်မှာလဲ ? '

'လာပါပြီ .... ဘာလို့အဲ့လောက် လော.... လော .....
ဒါ .... ဒါ ဘာကြီးတုန်း ? '

သူမေးသံအဆုံး တံခါး‌ပေါက်ဝမှ အသံနဲ့အတူ အထဲဝင်လာတဲ့ လူ‌တယောက်။ တဖတ်ကဆေးအိတ်ကိုင်လို့ တဖက်က မျက်မှန်ထူထူအားပင့်တင့်နေတဲ့ လူတယောက်။ ထိုသူကWat တနည်းအားဖြင့် Daouတို့ရဲ့ ဆရာဝန်တယောက် ဒီထက်ပိုပါက ဆေးလောကရဲ့ ပညာရှင် တယောက်ဆိုပိုမှန်ပေလိမ့်မည်။

ထိုလူဟာအထဲဝင်ဝင်ချင်း အိပ်ရာထက်မှ သူ့မြင်လိုက်ရတဲ့အရာကြောင့် လန့်ဖြတ်သွားလေသည်။
ဘေးတဖတ်တချက်မှ Din နဲ့ Tob အား အမေးသဘော ခေါင်းဆတ်ပြနေသည် ။ ဟိုနှစ်ယောက်မှာလဲ ခေါင်းတခါခါသာ။

ထိုအဖြစ်အပျက်အား စိတ်မရှည်သူ တဦး၏လေသံကြားမှ အသိပြန်ဝင်လာတဲ့အဖြစ်။

'Wat မင်း ခုချက်ချင်းလာမလား ငါလာပေးရမလား '

'အို... Pကလဲ ကျနော့်ဘာသာ လာမယ်နော် '

Daouအား အဖြေပြန်ပေးပြီး အိပ်ရာတဖတ်ခြမ်းသို့ အမြန်ပြေးလာလိုက်ရသည် မဟုတ်ရင်ဘေး စင်မှာတင်ထားတဲ့ တခုခုနဲ့ကောက်ပေါက်တော့မှာ ဖြစ်လေသည်။

'Pပြောတဲ့သူက ....'

'အွန်း '

သူ့အမေအား ‌အတည်ပြုလာပြီမို့ ဆေးအိတ်အား ဘေးချလို့ ကျောပေးထားသူ လူနာရှင်အားအကြည့်ပို့မိသည်။ ခဏကြာသည်အထိ ထိုသူသားအား လွှတ်ပေးမဲ့ပုံမရှိသေးတာမို့ သူကသာစကားစပေးရသည် ။

Behind (Bl )Where stories live. Discover now