18

208 23 10
                                    

Uni

သူတို့အဖွဲ့ နောက်ဆုံးတိုင်ပင် ဆုံးဖြတ်ပြီးနောက်
သူတို့ထဲမှ စီနီယာကျသူတဦးနှင့်အဖွဲ့သားအချို့အား ထိုနယ်ဘက်တွင် စုံစမ်းရန်လွှတ်လိုက်မည်ဖြစ်
လေသည်။ တနေကုန် ဟိုဟိုဒီဒီ အလုပ်ရှုပ်ပြီးနာရီ
ကြည့်မိပြီးနောက် ညတောင်ရောက်နေပြီဖြစ်လေသည်။

Offroad ခုံထက် ထိုင်ချလိုက်ပြီးနောက် လေပူများအား ‌မှုတ်ထုတ်လိုက်လေသည်။ သူခဏတာ မျက်လုံးတို့အား အနားပေးရန် မျက်လုံးတွေမှိတ်ထားလိုက်သည်။ ထိုအချိန် ဖုန်စာဝင်သံကြားလာ
တာမို့ ဖုန်းအားကြည့်လိုက်မိသည်။ရိုးရိုးရှင်းရှင်းစာသားလေးတကြောင်းက နေရာယူလျက် .....

' အဆင်ပြေရဲ့လား '

Offroad စာပို့သူအား စဉ်းစားမိလိုက်ပြီး ပြုံးလိုက်မိသည်။ နေ့လယ်တုန်းကလဲ ထိုသို့စာ‌ နှင့်အတူ နေ့လယ်စာထမင်းဗူးပါ အသင့်ရောက်လာခဲ့သေးသည်။ ထိုအရာအား မြင်လိုက်ကြသော အဖွဲ့သား
အပေါင်းမှာ တဝူးဝူးတဝါးဝါး လုပ်နေတော့သည်။
P'Jeffထ ‌ငေါက်မှ အသံများငြိမ်သွားကြတာဖြစ်လေသည်။

ဒါတောင်ပြုံးစိစိတွေလာကြည့်နေကြတာမို့ မဆီမဆိုင်Offroadတို့ မျက်နှာကြီးနီလာသေးသည်ပင်။P'Jeff ကတော့ သူ့ပုံကြည့်ပြီး မျက်ခုံးတဖတ်ပင့်ပြ နေတာမို့ အမြန်မျက်နှာလွှဲရ‌ေတာ့သည်

ဒါမဲ့ Offroad သူသာလျှင်အသိဆုံးဖြစ်လေသည်။ အရင်ဆို သူဗိုက်ဆာချိန်မှ ကြုံရာထစားတတ်ပေမဲ့ အခုလိုတစုံ တယောက်ရှိတာလဲ ကောင်းသားဟု သူစတင်တွေးမိလာပြီဖြစ်‌‌ လေသည်။ အတွေးများနေရာမှ သတိဝင်လာပြီးနောက်စာပြန်လိုက်လေသည်။

'အွန်း '

တဖတ်မှ စာပြန်ဝင်လာလေသည်။

'ဘယ်တော့ အလုပ်ပြီးမှာလဲ ကိုလာကြိုမယ် '

ထိုစာကြောင့် Offroad နာရီကို တချက်ပြန်ကြည့်လိုက်မိသည်။ ပြီးနောက် သူစာပြန်လိုက်လေသည် ။

'ခဏနေဆို ရပြီ '

'အိုကေ ကိုလာကြိုတာကို စောင့်နော် ကိုရောက်ရင် စာပို့လိုက်မယ်'

'အွန်း '

ဖုန်းအားပြန်ချလိုက်ပြီးနောက် Offroad ပြုံးစိစိဖြစ်နေလေသည်။ ထိုပုံစံအား စကားပြောရန်လှည့်လာ
သော Jeffတွေ့ချိန်တွင်တော့ ....

Behind (Bl )Where stories live. Discover now