Uni
မနက်လင်းရောင်ခြည်လေး စတင်ထွန်းလင်းလာချိန်ဝယ် လိုက်ကာထူထူတို့ရဲ့ တားဆီးမှုတို့ကြောင့် အခန်းတွင်းအလင်းမဝင်နိုင်သော်လဲအိပ်ရာထက်မှ
တဦးတယောက်သည်တော့ နိုးထလာပြီဖြစ်လေတယ်။Offroad နိုးနိုးခြင်း သူ့တတကိုယ်လုံးသည် လေးလံသလို ခံစားနေရပြီ တကိုယ်လုံးလဲ လှုပ်မရဖြစ်နေသည်မို့ ဘေးဘီဝဲယာကြည့်ချိန်တွင်ဝယ်
သူ့မျက်နှာသည် ရင်ခွင်တခုသို့ မျက်နှာချင်းဆိုင်လျက်သားဖြစ်နေခဲ့လေသည်။Offroad တယောက် နိမ့်လိုက်မြင့်လိုက်အရှိန်မှန်မှန် တဒုတ်ဒုတ် ခုန်လှုပ်နေပါသော နွေးထွေးသော နှလုံးသားရှိရာဖက်သို့ သူ့လက်လေးတဖတ်အားတင်ထားလိုက်မိပြီး ထိုသူရဲ့နှလုံးခုန်သံအား ခံစား
ကြည့်မိသည်။ထိုအချိန်ဝယ် Offroadအား ခပ်တင်းတင်းဖတ်လိုက်တဲ့ Daouကြောင့် Offroad ရဲ့ မျက်နှာပြင်သည် Daouရဲ့ရင်ခွင်ထက်ဝယ် တထပ်တည်းကျလျှက်သားရှိနေခဲ့လေသည်။ Offroadတယောက် Daou အားတွန်းကြည့်ပေမဲ့ မရတာမို့ ထိုလူ့မျက်နှာအား မော့သာကြည့်မိတော့သည်။
အခြားသူတွေနဲ့မတူ သူ့ကိုဆို နွေးနွေးထွေးထွေးဘကြည့်တတ်တဲ့ မျက်ဝန်းတစုံသည် ခုချိန်တွင်မျက်ခွံ
တွေအောက် ပုန်းကွယ်နေလေသည်။ ယခုလို့ နွေးထွေးသောအကြည့်မှမဟုတ် သူတို့စစတွေ့ခြင်း မြင်
ခွင့်ရခဲ့တဲ့ စူးရှရှမျက်ဝန်းတစုံသည်လဲ ဆွဲဆောင်မှု အတော်ရှိလေသည်။Offroad ထိုလူသားရဲ့ မှိတ်ထားသော မျက်ဝန်းတို့အား ဖွဖွလေးလိုက်ထိနေမိလေသည်။ ပြီးနောက် နှာတံစင်းစင်းလေးနဲ့အတူ ချောမွေ့ပါသော ပါးပြင်လေး။ အဲ့ဒါပြီးတော့ အနမ်းတို့အား ပုံဖော်ရာ နူးညံ့သော နှုတ်ခမ်းသားလေးများဆီ Offroad ရဲ့ လက်များအရောက် သူ့လက်အား Daouသည် လက်တဖတ်နဲ့လှမ်းဆွဲပြီး Offroad ရဲ့ လက်ဖျားလေးထက် အနမ်းပေးလာခဲ့လေသည်။
"P' Ou !! နိုးနေတာလား "
Offroad ရဲ့ မေးသံအဆုံး ထိုနှုတ်ခမ်းပါးတို့သည်
အပြုံးလှလှလေးအား ထုတ်ပြလာခဲ့လေသည်။ သို့သော် Offroad ရဲ့ လက်အားမလွှတ်ပေးပဲ သူ့ရင်ဖက်ထက်တင်ထားရင်း ဆုပ်ကိုင်ထားလေသည်။
မျက်ဝန်းနှစ်စုံတို့သည် ခုချိန်ထိဖွင့်မလာသေးပေ။
YOU ARE READING
Behind (Bl )
FanfictionHello Everyone 🤠🤠🤠 ခုတလောFanfic တပုဒ်အရမ်းရေးချင်စိတ်တွေဖြစ်နေလို့ပေါ့နော်။ ခုတလော အဖိုးတို့အတွဲကို အရမ်းတွေ ဖောအင်လပ်နေတော့ P'Daou နဲ့ P'offroad တို့အတွက် fanfic လေးရေးချင်လာလို့ပါ။ အဖိုးကိုမာဖီးယားပုံစံလေးသွင်းကြည့်မယ်ပေါ့နော်။ အဖိုးမျက်နှာက...