15

187 18 4
                                    

Uni

ခွမ်း!!!!!

သူ့အရှေ့ရှိ ကြမ်းပြင်ထက် ပစ်ပေါက်လိုက်တဲ့ ဖန်ခွက်တစ်ခွက်။ Nickသူ့ရှေ့မှ အစိတ်စိတ်အမွှာ မွှာ ကွဲကြေနေတဲ့ ဖန်ခွက်အား စိုက်ကြည့်နေမိလေသည်။

[Nick ဘယ်သူလဲ မှတ်မိကြသေးရဲ့လား ထုခွန်း မသိရင် အရှေ့ပိုင်းတွေပြန်ဖတ်ပါ ]

'အခုဘာတွေဖြစ်ကုန်လဲ မင်းသိရဲ့လား ! Nick '

သူအရှေ့မှ အသံရှင်အား Nick စေ့စေ့ကြည့်မိလိုက်လေသည်။ သူ့အရှေ့ စားပွဲခုံနောက်က ခုံတွင်ထိုင်
နေသော လူအိုကြီးတဦး။ လူအိုကြီးဆိုပေမဲ့ ထိုလူက Coverအဖွဲ့တခုလုံးရဲ့ အဓိကချုပ်ကိုင်ထားသူ သူ့ရဲ့ ဖခင်ဖြစ်သူ Nake ။

'ကျနော့်ပေါ့လျော့မိတာပါ အဖေ '

'မင်းအဲ့စကားဆိုလိုက်တာနဲ့ အားလုံးက ပြန်အဆင်ပြေသွားမယ်ထင်လို့လား ! ခုကိစ္စကိုပဲကြည့်
မြို့စွန်ကစက်ရုံလဲကုန်ပြီ ငါ့လူရုံတောင်အစစ်ပါသွားသေးတယ် နောက်ထပ်ဆိုးတာက !!!!! '

သူ့အားစကားမဆိုသေးပဲ စားပွဲအောက်ဘက် အံဆွဲ
ထဲမှ ဆေးပုလင်းတခုအားထုတ်လို့ ရေအကူအညီမပါပဲ ဆေးလုံးနှစ်လုံးအားမြိုချလိုက်လေသည်။

'မင်းရလာပါပြီဆိုတဲ့ အဲ့နယ်မြေတွေ အခုပဲသူတို့ပြန်သိမ်းသွားတဲ့အပြင်ကို တရုတ်နယ်စပ်ဘက်မှာလဲ ဟိုရဲတွေအနံ့ရအောင် သတင်းလွှင့်လိုက်သေးတယ်
အဲ့ထက်ဆိုးတာက !!!.... '

ဒုန်း !!!!!

ပြောနေရင်း ပိုဒေါသထွက်လာတဲ့ ထိုလူအိုကြီးသည်
စားပွဲခုံအား ထုချလိုက်လေသည်။

'ငါတို့ရဲ့ စိုက်ခင်းကိုပါ မီးရှို့သွားလိုက်သေးတယ် Nick! မင်းဘယ်လိုတွေ အလုပ်လုပ်နေတာလဲ မင်းဒီလိုလုပ်နေပုံနဲ့ မင်းလက်ထဲကို ငါတို့အဖွဲ့ကို ဘယ်လိုအပ်ထားရမှာလဲ !!!! '

'အဖေစိတ်လျော့ပါ ကျနော်ပြေလည်အောင် စီစဉ်ပါ့မယ် '

Nickပြောလိုက်တဲ့ စကားအား ထိုလူကြီးကြားချိန်ဝယ် ခနဲ့သလိုရီမောလာလေတာကြောင့် Nickလက်သီးကျစ်ကျစ်ပါ‌ အောင် ဆုပ်ထားလိုက်မိသည် ။

'ဟက် ! ငါကြားတာတော့ အဲ့အဖွဲ့က Samuel ဦးဆောင်တာဆို မဆိုးဘူးပဲ Samuelသာ ငါရဲ့ရန်သူဖြစ်မနေရင် သူ့အရည်အချင်းက မင်းလိုကောင်နဲ့တောင် ယှဉ်စရာကိုမလိုဘူး '

Behind (Bl )Where stories live. Discover now