19

178 22 6
                                    

Uni

Daou ရဲ့မေးသံအဆုံးဝယ် Offroad သည် သူအားဖယ်တွယ်ထားသူအား မော့ကြည့်မိသည်။ သူမော့ကြည့်လိုက်ချိန်ဝယ် သူ့အားအနူးညံ့ဆုံးပြုံးပြနေသူ Daouသည် Offroad နဖူးလေးထက် နူးညံ့သောအနမ်းတပွင့်အား ပေးအပ်လာခဲ့လေသည်။

' Road .... ကိုမင်းကို လိုက်ပိုးခွင့်ရှိမလား '

Daouအမေးအား ခေါင်းသာအသာညှိတ်ပြလာသူ
လေးသည်  ဒီနေ့အတွက်တော့ တေမိအသေးစား
လေးအလားပင်။ စကားသံလေးကိုပင်မကြားရပေ။

Daou တိုးဖွဖွရီသံထုတ်လိုက်မိတော့ သူအား မျက်စောင်းထိုးကြည့်လာလေသည်။

'ဘာရီတာလဲ '

Daouအားမျက်စောင်းထိုးနေပါသော ချစ်စရာလေးရဲ့ ပါးနုနုလေးအား လှမ်းဆွဲလိုက်မိတော့သည်။
ထိုအချိန်တွင်တော့ သူ့အားရန်တွေ့လာပြီ ဖြစ်လေသည်။

'ဘာလုပ်တာလဲ !!  လွှတ် ... နာတယ် ! '

'ချစ်စရာလေးကွာ '

'အား!!..... P'Ou လွှတ် !!.... အရှက်မရှိတဲ့လူကြီး '

'Road ... ဘယ်သွားတာလဲ ? ဟိတ် ...စောင့်အုန်းလေ '

ထိန်းမနိုင်တော့သော Daou တယောက် Offroad ရဲ့ ပါးပြင်းလေးများအား တဖတ်စီလိုက်နမ်းနေမိတော့သည်။ ထိုချိန်တွင်တော့ သူအားတွန်းထုတ်ပြီး
Offroadတယောက် ထွက်ပြေးသွားတော့သည် ။ Daouလဲ ခေါင်းအသာခါလျက် ထိုလူသားလေးနောက် ပြေးလိုက်ရတော့သည်။ တော်ကြာ ရှက်ရမ်းရမ်းပြီး တွေ့ရာတွေဝင်တိုက်နေအုန်းမယ်။

Daou နဲ့ Offroad နှစ်ဦးသား နေရာစုံလည်ပတ်ပြီးနောက် နောက်ဆုံးနေထိုင်ရာရိပ်မြုံလေးထက် ပြန်လာခဲ့ကြလေသည်။ အထုတ်ပေါင်းစုံနှင့် Daouတယောက်  Offroad ရဲ့စကားသံလေးများ
အား နားထောင်ရင်း ပြန်လာကြတာဖြစ်လေသည်။

ထိုအချိန်သူတို့နောက်ဝယ် တယောက်ယောက်လိုက်လာသံကြားမိတာကြောင့် Daouတယောက် ‌ဆတ်ခနဲ နောက်လှည့်ကြည့်ပေမဲ့ လမ်းတဆုံး သူတို့နှစ်ဦးမှလွဲ တခြားသူမရှိခဲ့ပေ။ Daouနောက်သို့ အကြာကြီး စိုက်ကြည့်နေတာမို့ Offroad စကားစလိုက်လေသည်။

'P'Ou ဘာဖြစ်လို့လဲ တခုခုဖြစ်လို့လား '

'ကိုတို့နောက် ‌တယောက်ယောက်လိုက်လာတယ် ထင်တယ် '

Behind (Bl )Where stories live. Discover now