အပိုင်း(၁)

337 9 0
                                    

အပိုင်း(၁)

​မမ​နွေ၏အ​မွှေစိန်​လေး

     " အလှူ့တကာကြီးက သပိတ်လွယ်ကာ
အလှု့အမကြီးက ပရိက္ခရာ သင်ကန်းရွက်လို့ပြုံး​ဝေဆာ  ​မောင်ရှင်လောင်းကမြင်း​ပေါ်မှာ
ဒိုးပတ်ဝိုင်းက မြိုင်တယ်ဗျ ....ဦး​ရွှေရိုးလည်းက​နေတာ ကွမ်း​တောင်ကိုင်တို့လှတယ်ဗျ ....ရှင်​လောင်းလှည့်လို့လာပြီ ခင်ဗျာ့
​ဟော ကြည့်ပါဗျာ့ ကြည်နူးစရာ အလှူမင်ဂလာ ထမင်းရည်​ချောင်းစီး ​မောင်းတီးလို့သာ
ရုပ်အလှ အမြတ်မ​ရွေး ကုသိုလ်ပါ 
(သား​ရှင်ပြုတဲ့ အလှူပါ  နိဗ္ဗာန်ဆုအတွက် အလှူပါ)2 ဘာဝနာများပွားကြပါ အလှူ​တော်
အလှူ​တော် အလှူ​တော်မင်ဂလာ................
 
အလှူသီချင်းသံတစာစာနဲ့ရွာရဲ့မျက်နှာကြီးမိသားစုတခုရဲ့အလှူပွဲဆို​တော့​ပြောစရာ မလို​အောင်ပင် ကြီးကျယ်ခမ်းနားလှ​ပေသည်။
က​လေးသူငယ် လူကြီးလူရွယ်​တွေ​ကောအစုံ
​ပျော်ရွှင်လို့ 'ထမင်းရည်​​ချောင်းစီး' တရွာလုံးမီးခိုးတိတ် အလှူပွဲကြီးတွင် ပါဝင်ဆင်နွှဲ​နေကြသည်။​ရှေ့မှသာသနာ့အလံကိုင်လူမှအစ ပရိက္ခရာ ကိုင်​သောအလှူ့ရှင်နှင့် အလှူ့ရှင်မတို့ကပြုံးလို့ရွှင်လို့..... ထိုစဥ်လူအုပ်တ​နေရာ၌
အမ....အမ "လ​ရောင်" မြန်မြန်လာပါဗျာ
"လင်း​ရောင်" ဘာမှမမြင်ရဘူး လူ​တွေနဲ့ပိတ်​နေတယ် ​ရှေ့ကိုသွားကြည့်ရ​အောင် ​အေးပါဟယ် ခန ခန ငါဒီမှာ ကင်မရာကိုတချက်စစ်​နေလို့ပါ လာပီလာပီ ဆိုပီး ​ရှေ့ကို တိုး​ဝှေ့ပြီး​ရောက်သွားတဲ့အခိုက်..............

          သူမရဲ့အမြင်အာရုံ မှတဆင့် နှလုံးသားတံခါးထံသို့ အားပြင်း​သောငလျင်လှိုင်း လှုပ်ခတ်သွားသည့်ပမာ ​ဆောက်တည်ရာမရ မတည်ငြိမ် ဖြစ်​နေရပြီ​လေ မျက်လုံးတို့ကလည်း
အထိုအရာဆီမှ တစ်စက္ကန့်မှ မ​ရွေ့ ,
   အသက်ရှူ​တောင်မမှန်ချင်ဖြစ်​နေပြီ​လေ ထိုသို့​သော ပိတ်ထားတာကြာ​နေပြီဖြစ်​သော "လ​ရောင်"ရဲ့နှလုံးသားကို လှုပ်ခတ်သွား​စေသည့် ထိုအရာဆိုတာက​တော့
      ကွမ်း​တောင်ကိုင် ပန်း​တောင်ကိုင်များ၏ ​ရှေ့တွင် အလွန်ကျက်သ​ရေရှိ အိ​န္ဒြေ ရှိလှ​သော ပုလဲ​ရောင်ချည်ပိုး ချိတ်ထမီနှင့်ပုလဲ​ရောင် လက်ရှည်ရင်ဖုံး ကိုဝတ်ဆင်ပြီး     လည်တိုင်​ကျော့​ကျော့တွင် ပုလဲတလုံးသာ ပါ​သောဆွဲကြိုးကိုဝတ်ဆင်ထားပြီး ပုလဲ​လုံးသေး​သေးများနှင့်တွဲချုပ်ထား​သော ဇာပုဝါကို ​​ကျောပြင်၏​နောက်မှ ​ရှေ့လက်၂ဖက် တွင် အနား၂ဖက်ကိုချထားလျှက် တဖက်ကကွမ်း​တောင်ကို ကိုင်

မမ​နွေ၏အ​မွှေစိန်​လေးWhere stories live. Discover now