ကျေးငှက်များ၏တွန်ကြူးသံနှင့်အတူ မနက်ခင်းနေရောင်ခြည်လေးက ရွှေကြည်တော်ရွာလေး၏ မနက်ခင်း ကိုလှပစွာ အသက်ဝင်လာလေသည်။
"ပိုး" ကတော့ထုံးစံအတိုင်း ဘေးမှာမရှိတော့
ခရေပင် အောက်မှာရှိနေမာ မလွဲဧကန်ပါ။"လရောင်"လည်း ရေမိုးချိုးဖို့ရာ အောက်ကိုဆင်းလာလေသည်။
ရေချိုးပြီးတော့ "ပိုး" ရှိရာကို သွားလိုက်သည်။
"လရောင်"ကိုမြင်တော့"ပိုး"အားနာသလို ရှက်သလို ဖြစ်နေကာ ခေါင်းကိုငုံ့ထားလေသည်။
"ဟို...ဟို.... မမနွေ တောင်းပန်ပါတယ်နော်
မနေ့က "ပိုး" လုပ်ရပ်အတွက်...."ရှက်ရှက်နှင့်ပြောနေသောကြောင့် "ပိုး" ရဲ့ ပါးနှစ်ဖက် လေးက နီရဲလို့နေသည်။
"လရောင်" အသည်းယား လာဖြင့်"ပိုး"ရဲ့
ပါးလေ နှစ်ဖက်ကိုဖွဖွလေး ဆွဲညစ်လိုက်သည်။"အား... "မမနွေ"နာတယ်လို့ "
"ဟား...ဟား.... ရှောက်ပြောပြန်ပြီ တကယ်လည်းမနာပဲနဲ့ မမ ကဖွဖွလေးပဲ ဆွဲလိုက်တာကို" လို့ အကဲပိုနေသော "ပိုး" ကိုကြည့်ကာရယ်နေလေသည်။
"ဟုတ်တယ်လေ "ပိုး" ကတောင်းပန်နေတာကို ဘာလို့ အဲ့လိုလုပ်တာလည်း "ပိုး" ပြောတာ ဂရုမစိုက်တာလား" ဆိုပြီး နှာခမ်းလေးထော်ကာ မျက်စောင်းထိုးပြီး ပြောလေသည်။
"ဘာလည်း "ပိုး" မကြိုက်ဘူးလား မမအဲ့လိုလုပ်တာကို"
"မ...မ..မဟုတ်ပါဘူး။ ကြိုက်ပါတယ်"လို့အထစ်ထစ်အငေါ့ငေါ့ပြန်ပြောသည်။
"ဘာကြိုက်တာလည်း လူကိုလား!!"
"ဟုတ်.....ဟမ်...မ..မ.ဟုတ်ဘူးနော်"ဆိုပြီး ခေါင်းငြိမ့်ပြီးမှ ခေါင်းကိုအမြန်ခါလိုက်ရသည်။
"ဟား...ဟား...."ပိုး" ရယ် မမက စတာပါ"ဆိုပြီး "ပိုး"ရဲ့ဆံပင်လေးကိုဖွလိုက်လေသည်။
"ပိုး" ကတော့ရှက်လွန်းလို့ မျက်နှာကိုဘယ်ထားရမှန်းမသိတော့ပေ။
"ဟူး....ငါဘယ်လိုတွေဖြစ်နေတာပါလည်း ယောင်ယောင် အမှားမှားနဲ့ မိပိုး ရေနင် သတိလေးဘာလေးကပ်ပါအုန်း" ဆိုပြီးစိတ်ထဲတွင် ကိုယ့်ဘာသာကိုယ် ကြိမ်းမောင်းနေမိသည်။
YOU ARE READING
မမနွေ၏အမွှေစိန်လေး
Romance-နွေလရောင်(အသက်က၂၈ အရပ်က၅ပေ၁၀) (နှလုံးသား၏စေလိုရာကိုသာ လုပ်ဆောင်သူ, "အမွှေစိန်" လေးရဲ့ပိုင်ရှင်) -ပိုးပန်းချီ (အသက်က၂၃ အရပ်က၅ပေ၂) (ရွာရဲ့အလှပဂေး ကွမ်းတောင်ကိုင်ဆိုပြီး တည်ငြိမ်တယ်မထင်လိုက်ပါနဲ့ အမွှေစိန်လေးပါ, ခရေပန်းလေးတွေကို ကြိ...