အပိုင်း(၁၄)

100 6 0
                                    

......

   အားလုံးက"လ​ရောင်" ​နောက်ထပ်​ပြောမဲ့အ​ကြောင်းအရာကို စိတ်ဝင်စားစွာ ​စောင့်စား​နေကြတယ်။

"အားလုံးလည်း ကျမ​နောက်ထပ်​​ပြောမဲ့ အ​ကြောင်းအရာ​တွေကို စိတ်ဝင်စား​နေကြမယ်လို့ ယုံကြည်ပါတယ် ကျမ​ပြောပြပါမယ်"

"ဦးစိုးသူ ဒီ Bright ဆိုတဲ့ဟိုတယ်က တကယ်ရှင် ပိုင်တာ​ပေါ့​လေ ​" ဆိုပြီး ဦးစိုးသူကို ကြည့်ပြီး ​နောက်တ​ခေါက်ပြန်​မေး​လေသည်။

"ဟိတ်!!!ဒီမှာ "လ​ရောင်" မင်းဒါကို​​တော့ အထင်လာမမှားနဲ့ အဲ့တာငါ့သားအတွက် ငါမင်းဆီက​နေ အလုပ်မထွက်ပဲ ကျွန်ခံပြီး လုပ်ထားတဲ့ ငါ့ရဲ့လုပ်အား​တွေကွ" ဆိုပြီး
ပြန်​လည်​ပြော ဆိုသည်။

"ဘာ...ဘာ...ကျွန်ခံ​နေတာဟုတ်လား ဟား...ဟား..." ဆိုပြီး "လ​ရောင်" အားရပါးရ
ရယ်​လေသည်။

"ကျွန်ခံ​နေတာလား ခိုးစား​နေတာလား ဆိုတာ မသဲကွဲဘူးလား ဦးစိုးသူ"

"ဘာကွ!!!! "လ​ရောင်" မင်းငါ့ကို မ​စော်ကားနဲ့​နော် ​ကျေးဇူးမကန်းနဲ့"ဆိုပြီး ​အော်​ပြော​လေသည်။

"ဒီမာ ရှင်ပါးစပ် ကိုပိတ်ထားလိုက်​တော့ ​နောက်ထပ်ဘာအသံမှ မထွက်လာနဲ့​​တော့
ကျမပဲ​ပြော​တော့မယ် " ဆိုပြီး ပိတ်​ပြောပလိုက်သည်။

"အားလုံးပဲ အာရုံစိုက်ပြီး ​သေချာနား​ထောင်​ပေးကြပါ အခုသူတည်​ထောင်လိုက်တဲ့
Bright ဟိုတယ်က ကျမကုန်တိုက်ရဲ့လျှို့ဝှက်ချက်​တွေနဲ့ ကုန်တိုက်ရဲ့ ​ငွေ​ကြေး​တွေကို အလွဲသုံးစား.လုပ်ပြီး မတရားယူထားတဲ့ ​ငွေ​တွေနဲ့ လုပ်ထားတဲ့ ဟိုတယ်ပါ" ဆိုပြီး တလုံးချင်းပီပြင်စွာ ​ပြော​လေသည်။

အားလုံးရုတ်ရုတ်သဲသဲ​တွေ ဖြစ်သွားကြသည်။ တ​ယောက်တ​​ပေါက်စီ ဟိုတစုဒီတစုနဲ့ ဖြစ်သွားကြသည်။

"ဘာကွ!!!!! "လ​ရောင်" မင်းက ဘာသက်​သေ​တွေရှိလို့ ငါ့ကိုဒီလိုမျိုး​တွေလာစွပ်စွဲ​နေရတာလည်း အသားလွတ်ကြီး​နော် ငါမင်းကို
အသ​ရေ ဖျက်မှုနဲ့ တရားစွဲမယ်" ဆိုပြီး
​ဆောက်တည်ရာ မရစွာဖြင့် ဦးစိုးသူ ​ပြော​လေသည်။

မမ​နွေ၏အ​မွှေစိန်​လေးWhere stories live. Discover now