အပိုင်း(၁၀)

86 3 0
                                    

.....

      လမ်းတ​လျှောက်တွင် ၂​ယောက်လုံးတိတ်ဆိတ်​နေပြီး​တော့ ဘယ်သူမှလည်းစကားမ​ပြော​ချေ။

အိမ်​ရောက်ခါနီးတွင်

      "မ​မ​နွေ ဟို...ဟို "ပိုး"တို့ရှိတဲ့​နေရာကိူ ဘယ်လိုလုပ် သိတာလည်း"

   "​နောက်က​နေလိုက်ခဲ့​လို့​ပေါ့"

"ရှင်!!! မမ​နွေ ကိုဘယ်သူ​ပြောပြတာလည်း။
ပိုး တို့သွားမယ်ဆိုတာ ဘယ်သူမှမသိပါဘူး။
ဧကန္တ!!!"

"ဧကန္တ​တွေ ဧကန်မင်း​တွေ လုပ်​မ​နေနဲ့ ဘယ်သူမှ​ပြောပြတာမဟုတ်ဘူး ​နေ့လည်က
"​ကြေးမုံ" ​ပြော​နေတာကို ကြားတာ"

"အဲ့တာထွက်သွားတာလည်း မြင်လိုက်တယ်
အစက​တော့ မလိုက်​တော့မလို့ပဲ"

"​နောက်​တော့ စိတ်ပူလို့လိုက်ခဲ့တာပဲ" လို့​
"လ​ရောင်" ကရှင်းပြတယ်။

"Aww....အဲ့လိုလား..ဟီး...ဟီး...."

"ဟီး..ဟီး...မလုပ်နဲ့ "ပိုး" တခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလည်း"

"ဟာ မမ​နွေ ကလည်း ဘာမှမဖြစ်ဘူး အဲ့ဂျပုမကို "ပိုး" နိုင်တယ်။ သူများကွယ်ရာမှာ မဟုတ်တရုတ်​တွေ​ရှောက်​​ရှောက်​ပြောတာ ဒီ့ထက် ပိုပု​အောင် ထု​ပေးမလို့"

"ဟား...ဟား...."

"ဘာရယ်တာလည်း မ​မ​နွေ"

"သူများကိုကျ​တော့ ဂျပုမတဲ့ သူကျ​တော့
ဟား..ဟားး.."ဆိုပြီး "လ​​ရောင်" တ​ယောက် မခံချင်​အောင် စ​လေသည်။

"ဟာ မမ​နွေ ​နော် မရယ်နဲ့ "ပိုး" ကသူ့ထက်စာရင် ရှည်တယ်​နော် သူကဖြင့် ၅​ပေ ​တောင်မပြည့်ဘူး "ပိုး" က၅​ပေ​​ကျော်တယ်​နော် ဟွန့်"
ဆိုပြီး ခါး​ထောက်ကာမျက်​စောင်း​လေးခဲပြီးရန်ပြန်​တွေ့​လေသည်။

"မယုံပါဘူး ​နော်"ပိုး" ၅​ပေပြည့်တယ်ဆိုတာကို"

"ဟာ ...ဘယ်လိုဖြစ်​နေတာလည်း မမ​နွေ ​နော် ဘယ်လိုသက်​သေပြမှယုံမာလည်း ကဲ​ပြော"

"ရတယ် အိမ်မာ​ပေတံနဲ့သွားတိုင်းမယ်"ဆိုပြီး လှည့်ထွက်မယ်အလုပ်

"ပိုး"ရဲ့လက်ကိုလှမ်းဆွဲကာ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်​လေသည်။

မမ​နွေ၏အ​မွှေစိန်​လေးWhere stories live. Discover now