"ဟူး....မောလိုက်တာအမရာ ဒီလိုမှန်းသိရင် မလိုက်ခဲ့ပါဘူး ။ဘယ်မလည်း သူကြီးအိမ်
က မရောက် နိုင်သေးဘူးလား"
" လင်းရောင်" တယောက်ညည်းတွားနေလေတယ်။
ငါမင်း ကိုအစတည်းကမပြောဘူးလား
မလိုက်ပါနဲ့လို့ မင်းပဲလိုက်ချင်ပါတယ် မလိုက်ရရင်သေပါတော့မယ် တောရွာကိုအလည််လိုက်ခဲ့ချင်ပါတယ် လို့ မင်းပဲသေမတတ်
ငါ့ကိုပြောနေတာမဟုတ်ဘူးလား ဟမ်.....ဟုတ်တယ်လေ "လင်းရောင်" မှတခါမှဒီလိုတောရွာတွေကိုမရောက်ဖူးတာ အဲ့ကြောင့်လိုက်ချင်တာပေါ့ ဟူး..... ခုတော့ပူလည်းပူ
မောလည်းမောနဲ့ လူလည်း သေချင်စော် တွေနံနေပါပြီ။တလမ်းလုံးညည်းညူးနေလိုက်တာ
"လင်းရောင်"ရာ မင်းပါးစပ်ကြီး ပိတ်ထားစမ်းပါကွာ ရှေ့မာရောက်တော့မှာပါ။ထိုစဥ်နောက်ကနေ အသံသေးသေးလေးနှင့်အတူ ရနံ့တခုက ကပ်ပါလာလျက်
"ဟွန့် .... ယောကျားဖြစ်ပြီး အဲ့လောက်ညည်းတွားနေတာ မြင်ဘူးပါဘူးတော် အံ့ဩပါ့ လူကဖြင့်ကျားကိုးစီး စားလို့မကုန်ခန္ဓါကိုယ်နဲ့ "ဆိုသည့် အသံသေးသေးလေး ....
"လရောင်" တယောက်ရင်တွေခုန်စွာနဲ့ နောက်ကိုလှည့်လိုက်တော့ သူထင်တဲ့အတိုင်းပင် သူ့နှလုံးသားကိုလှုပ်ခတ်စေသောသူလေး။
"အောင်မာ မင်းတို့လို တောမာနေတဲ့သူတွေကတော့ နေသားကျနေမှာပေါ့ ငါလို့သူဌေးသား အရိပ်အောက်မှာ ဇိမ်ရှိရှိနေတဲ့ သူနဲ့တော့ဘယ်တူမလည်း တောသူမရဲ့".....
" အောင်မာ လူပါးဝ လို့လူကိုများတောသူမလေး ဘာလေးနဲ့ သူများရွာလာပြီး စော်စော်ကားကား စကားကိုဆင်ခြင်ပြောနော်"
"မပြောဘူးကွာ ဘာဖြစ်ချင်လည်း"
ထို့သို့ ၂ ယောက်သားအခြေအတင်စကားများ နေစဥ် မလှုပ်မယှက်ပဲ ကျောက်ရုပ်လို့ဖြစ်နေတဲ့ သူကတော့ "လရောင်"
ခနလောက်တော့မှ "လရောင်" တယောက်အသိဝင်လာကာ" တော်တော့ လင်းရောင် မင်းလည်းဟုတ်နေတာပဲ ယောကျားလေး ဖြစ်ပြီး ဘာလို့အဲ့လောက်ညည်းညူနေတာလည်း ဒီကညီမလေး ပြောတာမှန်တယ်"
YOU ARE READING
မမနွေ၏အမွှေစိန်လေး
Lãng mạn-နွေလရောင်(အသက်က၂၈ အရပ်က၅ပေ၁၀) (နှလုံးသား၏စေလိုရာကိုသာ လုပ်ဆောင်သူ, "အမွှေစိန်" လေးရဲ့ပိုင်ရှင်) -ပိုးပန်းချီ (အသက်က၂၃ အရပ်က၅ပေ၂) (ရွာရဲ့အလှပဂေး ကွမ်းတောင်ကိုင်ဆိုပြီး တည်ငြိမ်တယ်မထင်လိုက်ပါနဲ့ အမွှေစိန်လေးပါ, ခရေပန်းလေးတွေကို ကြိ...