အပိုင်း(၁၁)

70 4 2
                                    

"လင်း​ရောင်" တ​ယောက် ​အခန်းထဲတွင်​တောင်​​​လျှောက်လိုက် ​မြောက်​လျှောက်လိုက်နှင့် ဗျာများ​နေသည်။

ပါးစပ်လည်း တိုးတိုး..တိုးတိုးနှင့်​ပြော​နေ​လေသည်။

"ငါသွားရင် ​ကောင်းမလား။မသွားရင်​ကောင်းမလား။ သွားရင် သူကငါ့ကို ဟား​နေမှဖြင့် ဟာရှက်စရာကြီးကွာ ​တောက်စ်"

"မသွားလို့ဘယ်ဖြစ်မလည်း ငါကလူနာပဲ​လေ သူကဆရာဝန်​​လေ အနာရှိလို့သွားတာဘာဖြစ်လည်း "

"Inn ဟုတ်တယ် အဲ့တာမှန်တယ် သွားရမယ်
အနာရှိလို့ ​ဆေးခန်းသွားတာ အဆန်းမှမဟုတ်ပဲ သွားမယ်ကွာ"ဆိုပြီး တ​ယောက်တည်းစကား​တွေ​ပြော တ​ယောက်တည်းဆုံးဖြတ်ချက်​တွေ ချ​နေ​လေသည်။

​ဆေးခန်း​ရှေ့တွင် ရပ်ကာ အထဲမှလူနာကိုကြည့်​ပေး​နေ​သော ဆရာမ​လေးကို ​ငေး​နေ​လေသည်။

အပြာရင့်​ရောင် ချိတ်ဝမ်းဆက်​​လေးကို ဝတ်ဆင်ထားပြီး ဆံပင်ကို ​နောက်သို့ အားလုံးစုကာ စည်းထား​လေသည်။ထိုစည်းထား​သော အ​ပေါ်တွင် နှင်းဆီ အနီတစ်ပွင့်ကိုလည်း ပန်ဆင်ထားသည့် မမသူဇာ တကယ်ကို ယဥ်ယဥ်​လေးနဲ့လှ​နေတာပါ။

သူ​ငေးကြည့်​နေခိုက် "သူဇာ" ကလှမ်းမြင်လိုက်​သောအခါ

" aww ဟိုက​လေးပါလား လာခဲ့​လေအထဲကို​နေပူတယ် ခနပဲ​စောင့်​နော် ဒီတ​ယောက်ပြီးရင် ရပြီ" လို့​ပြောလိုက်သည်။

"ဟွန်း လူကိုများဟိုက​လေးတဲ့ "ဆိုပြီး မ​ကျေမနပ်ဖြစ်​နေ​လေသည်။

​ဆေးခန်းထဲ​ရောက်သွား​တော့"သူဇာ" ၏လုပ်ပုံ ကိုင်ပုံ​တွေကို မသိမသာ ခိုးခိုးကြည့်​နေမိသည်။

"ငါ ဘာ​တွေဖြစ်​နေတာလည်း မျက်လုံး​တွေက ဘာလို့ ဂနာမငြိမ် ဖြစ်​နေရတာလည်း
နည်းနည်းပါးပါး​တော့ ဟန်​လေး​ဆောင်ပါအုန်း"လင်း​ရောင်"ရယ်"ဆိုပြီး ကိုယ့်စိတ်ကို သတိ​ပေး​နေမိ​လေသည်။

ခနကြာ​တော့ လူနာပြန်သွား​တော့သည်။

"ဟိုက​လေး ဘယ်လိုလည်း လက်ကအ​ခြေအ​​နေ​ကောင်းလား။ ဘာလို့ခုမှလာရတာလည်း၊။အရင်ရက်​တွေက ဘာလို့မလာတာလည်း"

မမ​နွေ၏အ​မွှေစိန်​လေးWhere stories live. Discover now