♧♧♧♧♧♧♧♧♧♧♧♧♧♧
သူကြီးရယ်၊ လရောင်ရယ်၊ပိုးရယ်၊ ရွာထဲက
ကာလသား ၂ယောက်၃ယောက်နဲ့အတူ မနေ့ကားတိုက်ခံထားရတဲ့နေရာသို့ ထွက်လာခဲ့ကြသည်။ကားနေရာကို ရောက်တော့....
"ဟူး...တော်သေးတယ်ကွာ လူတွေဘာမှမဖြစ်သွားတာ ကြည့်အုန်း ရှေ့မှန်တွေကော ကွဲသွားတာပဲ"
"ဟုတ်တယ် ဦးလေး ဒီနားတဝိုက်မှာ ကားဝပ်ရှော့တွေရှိတယ်မလား"
"အင်း..ကားဝပ်ရှော့တွေကတော့ မရှိလောက်ဘူးထင်တယ် ဦးလေးလည်း ဒီနားတဝိုက်မှာ ရှိတယ်လို့မကြားမိဘူးလားလို့လေ"
"အင်း...အဲ့ဆိုရင်တော့ လရောင် မြို့ကအသိတယောက်ဆီပဲ ph ဆက်ပြီး လာသယ်ခိုင်းရတော့မာပဲ"
"အေးပေါ့ အဲ့လိုပဲ လုပ်ရတော့မာပေါ့ကွာ"
"ဟုတ်အဲ့ဆို ခနေနော် ကားထဲက ပစ္စည်းတွေသွားသယ်လိုက်အုန်းမယ်"
"အင်း..အတူတူသွားကြမယ်လေ မမနွေ ကလည်း"
"ကောင်းပါပြီရှင်"
"ဝါး..ဝါး..ဝါး...မုန့်တွေမှအများကြီးပါလား မမနွေ မုန့်ဆိုင်တောင်ဖွင့်လို့ယတော့မယ်ထင်တယ်"
"အင်းလေ ပိုး လေးမကြိုက်ဘူးလား".
"ကြိုက်တာပေါ့လို့ ..ဟီး..ဟီး..."
"ကယ်..ကယ် သယ်မှာဖြင့်သယ် မိပိုး ငတ်ကြီးကျမနေနဲ့ အိပ်ရောက်မှ ငတ်ကြီးကျ
နောက်ကျနေမယ်"မုန့်တွေကို တခုပြီးတခုလိုက်ကြည့်ပြီး သားရည် ယိုနေသော ပိုး ကို သူ့အဖေမှ စနောက်လိုက်ခြင်းဖြစ်သည်။
"ဟာ ...အဖေကလည်း သယ်နေပါတယ်နော် သူများက်ုဆို ပြောဖို့ပဲ"
"ကယ်ပါ သွားသွား ပိုး လေးမသယ်နဲ့တော့ စားချင်တဲ့မုန့်တွေယူသွားပြီး ကားပေါ်မှာ စားရင်းနဲ့စောင့်နေသွား မမ တို့ကျန်တာတွေအကုန်သယ်ခဲ့မယ် "
"ဟီး....အကြီးစကားနားထောင်ရမာပေါ့နော့်
အဲ့ဆိုလည်း ဒါလေးတွေယူပြီး သွားစောင့်နေတော့မယ်နော်"
YOU ARE READING
မမနွေ၏အမွှေစိန်လေး
Lãng mạn-နွေလရောင်(အသက်က၂၈ အရပ်က၅ပေ၁၀) (နှလုံးသား၏စေလိုရာကိုသာ လုပ်ဆောင်သူ, "အမွှေစိန်" လေးရဲ့ပိုင်ရှင်) -ပိုးပန်းချီ (အသက်က၂၃ အရပ်က၅ပေ၂) (ရွာရဲ့အလှပဂေး ကွမ်းတောင်ကိုင်ဆိုပြီး တည်ငြိမ်တယ်မထင်လိုက်ပါနဲ့ အမွှေစိန်လေးပါ, ခရေပန်းလေးတွေကို ကြိ...