အပိုင်း(၁၅)

131 6 0
                                    

..........

     ကားပြတင်း​ပေါက်ကို ဖွင့်ထားပြီး အပြင်က​လေညှင်း ကိုခံစားရင်း ညရဲ့မီး​ရောင်စုံ
ပတ်ဝန်းကျင် ကိုကြည့်ရင်း "လ​ရောင်" တ​ယောက် လိုက်ပါလာသည်။

စိတ်ထဲတွင်​တော့ သူ့ရင်ဘတ်ထဲမာ တချိန်လုံးတင်ထားတဲ့ အပူလုံးကြီး ငြိမ်းသွားသလို
​အေးမြမြ​လေး ဖြစ်​နေသည်။

ကျုံး​​ဘေး ​တ​နေရာတွင် ကားကိုခနရပ်ခိုင်းပြီး ထိုင်ခုံတခုတွင်ဝင်ထိုင်ကာ ​လေကိုတဝကြီး ရှုရှိက်လိုက်သည်။

"ဟူး....​နောက်ဆုံး​တော့ ငါလွှတ်​မြောက်ပြီပဲ
ငါလွှတ်လပ်သွားပြီ ဘာမှစိုးရိမ်စရာမရှိ​တော့ဘူး..."

"ပိုး​လေး ရဲ့အနားမာလည်း ငါဘာမှပူပန်စရာ ​နောက်ဆန်တင်းစရာမလိုပဲ ​နေနိုင်ပြီ"

"ပိုး​လေး ​ရေ  မမ ကို ​စောင့်​နေ​ပေးပါ မမအ​ရောက်လာခဲ့ပြီး​တော့ "ပိုး​လေး ရဲ့ ဝက်ဝံကြီး ဖြစ်​ပေးပါမယ်" ဆိုပြီး တ​ယောက်တည်း​ပြောရင်း ရယ်​နေ​လေသည်။

"မမ​လေး လ​ရောင် အိမ်မာ သခင်မကြီးက
ထမင်းပွဲပြင်ထားတယ်တဲ့ ထမင်းအတူတူ စားချင်တယ်လို့ ph ဆက်​ပြောထားတယ်
ခင်မျာ့"

"အင်း....အိမ်ကိုပဲ ​မောင်းလိုက်ပါ အဘွားနဲ့ ထမင်းလက်ဆုံ စားချင်တယ်"

"ဟုတ်ကဲ့ဗျာ့" ဆိုပြီး ကား​လေးက တ​ရွေ့​ရွေ့
ထွက်ခွာသွားရာ ကျုံး​ရေပြင်ကြီးကို နှုတ်ဆက်သွား​လေသည်။

အိမ်သို့​ရောက်သွား​သောအခါ အဘွားကိုနှုတ်ဆက်ပြီး

"​တော်တယ် ငါ့​မြေး​တော်တယ် ဒီလို​နေ့ကို ​စောင့်​နေတာ အဘွား​တော်​တော်ကို ကြာ​နေပါပီ ​နောက်ဆုံး​တော့​ရောက်လာခဲ့ပြီပဲ
ငါ့​မြေးလည်း ​တော်​တော်ကိုပင်ပန်းသွားပြီပဲ
​နောက်ထပ် ဘာမှစိတ်ပူစရာ​တွေမရှိ​တော့ပါဘူး စိတ်​တွေကို​လျော့ချပြီး ​ကိုယ်​ပျော်ရာကိုသာ စိတ်ကြိုက်​ရွေးချယ်ပြီး လုပ်ပါ​တော့
ငါ့​မြေးက လွတ်လပ်မှုကို နှစ်သက်တယ်ဆိုတာ အဘွားသိပါတယ်" ဆိုပြီး "လ​ရောင်"
ကိုဖတ်ကာ နှစ်သိမ့်​လေသည်။

"ဟုတ်ကဲ့ပါ အဘွား "လ​ရောင်" ​ရေမိုးချိုးပြီးရင် ဆင်းခဲ့ပါမယ် ခန​နေ ထမင်းဝိုင်း​တွေ ပြင်ခိုင်ထားလိုက်​တော့​နော် မကြာဘူး" ဆိုပြီး ​အ​ပေါ်ကို တက်သွားလိုက်သည်။

မမ​နွေ၏အ​မွှေစိန်​လေးWhere stories live. Discover now