အပိုင်း(၄)

92 3 0
                                    

      မနက်မိုးလင်း​တော့ "လ​ရောင်"​​ဘေးကိုကြည့်လိုက်​တော့"ပိုး"မရှိ​တော့ဘူး။

သူလည်း အိပ်ယာကထပြီးမျက်နှာသစ်ဖို့​အောက်ကိုဆင်းလာတယ်။အ​ပေါ်ထပ်က​နေ ​အောက်ကိုငုံ့ကြည့်လိုက်​​တော့ ခ​ရေပန်း​တွေ​ကောက်​နေတဲ့"ပိုး" ကိုလှမ်းမြင်ရတယ်။

သူလည်း​လှေခါးအတိုင်းဆင်းလာပြီး ​ရေချိုးခန်းမှာ မျက်နှာသစ်​ရေချိုးလိုက်တယ်။ထို့​နောက် တီရှပ် အဖြူ​ရောင်နဲ့style pant အနက်ကိုဝတ်ပြီး အပင်​အောက်မှာ ခ​ရေပန်း​တွေ သီ​နေတဲ့"ပိုး"ဆီကိုလာခဲ့လိုက်တယ်။

"ပိုး" အ​စောကြီးနိုးတာ​ပေါ့​လေ"

ဟာ"မမ​နွေ"နိုးပြီလား။Mn ပါ​နော်။

"Inn...Mn ပါ"ပိုး" ပန်း​တွေသီပြီးဘာလုပ်မလို့လည်း ပန်မလို့လား။

"ပန်​တော့ မပန်​တော့ပါဘူး။ဘုရားပဲကပ်မလို့​လေ။"

"အင်... ​ကောင်းပါတယ်။ကုသိုလ်ရတာ​ပေါ့"

"ဟုတ်"

အခုမနက်​တော့"ပိုး" က ​ဗေဒါ​ရောင်​ပေါ်မှာ ပန်းပွင့်​သေး​သေး​လေး​တွေ ပါတဲ့ ရိုးရိုးရင်​စေ့ မြန်မာဝမ်းဆက်​လေးကို ဝတ်ထားတယ်။
ဆံပင်ကို​တော့ ၂ဖက်ခွဲ ကာ ကျစ်ဆံမြည်းကျစ်ထားတယ်။ပါး၂ဖက်မှာ​တော့ ခ​ရေရနံ့သင်းသင်း​လေးရတဲ့ ပါးကွက်၂ခုက ​နေရာယူထား​လေတယ်။

"မမပိုး" ဆွမ်းချိုင့် သွားပို့လို့ရပြီ​နော်။အကုန်ပြင်ဆင်ပြီသွားပြီ။"​ကြေးမုံ"လှမ်း​ပြောလိုက်​​သောအသံ။

"​အေ..​အေ.."​ကြေးမုံ" ခန​လေး ငါဒီမှာ ပန်းသီလို့ပြီး​တော့မယ်။"

"ဆွမ်းချိုင့်က "ပိုး" သွားပို့ရတာလား"

"ဟုတ်တယ်​လေ "မမ​နွေ" မနက်တိုင်း "ပိုး"ပဲရွာဦး ဘုန်းကြီး​ကျောင်းဆီသွားပြီး သွားပို့ရတာ"

"ဘယ်သူနဲ့သွားတာလည်း"

"ပိုး"တ​ယောက်တည်းပဲသွားတာပါ။ မနက်ဆို အိမ်မှာဘယ်သူမှမအားကြဘူး​လေ။
အ​မေနဲ့"​ကြေးမုံ"မီးဖိုထဲမှာအလုပ်ရှုပ်​နေတယ်​လေ။

"ဝင်းလှိုင်"က​တော့ အိမ်အပြင်ဘက် အမှိုက်​တွေလှဲ၊​ရေ​တွေခပ်ရတယ်​လေ။"

မမ​နွေ၏အ​မွှေစိန်​လေးWhere stories live. Discover now