အပိုင်း(၉)

61 4 0
                                    

............

ထိုစဥ်"လင်း​ရောင်"နဲ့"ဝင်းလှိုင်"က​တော့ ​ချောင်းမာ ငါးထိုင်မြှား​နေကြသည်။

"အကို​လေး ကငါးမြှားတတ်တယ်​ပေါ့​လေ"

"​အေးဟ နည်းနည်းပါးပါး​ပေါ့ကွာ...ဟီး..ဟီး"

"နည်းနည်းပါးပါး လို့သာ​ပြောတာတ​ကောင်မှလည်း မရ​သေးဘူး"လို့ "ဝင်းလှိုင်" က​ပြော​တော့

"လင်း​ရောင်" ရှက်သွားကာ"မင်းကလည်းကွာ ​ဖြေး​ဖြေး​ပေါ့ မင်းက​​အ​ရှေ့မာ​နေ​နေ​တော့ ငါး​တွေက မင်းရဲ့အစာကို အရင်စားမိသွားလို့ မင်းမိ​နေတာပါကွာ"ဆိုပြီး အရှက်​ပြေ သူများကိုကရန်​ထောင်လိုက်​သေးတယ်။

"ဟင်း....ဘာမှလည်းမဆိုင်ဘူး အဲ့ဆိုကျ​​တော့​နေရာ အကို​လေး လာ​နေမလား"

"​နေ​နေ ​တော်ပြီးငါ​နေရာမ​ရွှေ့ဘူး ​တော်ကြာငါး​တွေအများကြီးမိ​နေမှ ဒုက္ခ​ရောက်​နေမယ်"ဆိုပြီး ​ပြောလိုက်သည်။

"ဟုတ်ပါပီ အကို​လေး ငါး​တွေလည်း​တော်​တော်ရပြီဆို​တော့ ပြန်​တော့မလား"

"​အေပြန်မယ်​လေ"ဆိုပြီး ပစ္စည်း​တွေသိမ်းကာ ပြန်ဖို့​ခြေလှမ်းအနည်းငယ်လှမ်းလိုက်တဲ့အချိန်မာ

"အ​မ​လေး!!!! ​သေပါပီဗျာ"ဆိုပြီး သစ်ငုတ်တခုနှင့် ခလုတ်တိုက်ကာ ​မှောက်ခုံလဲကျ​လေသည်။

"ဟာ အကို​လေး ရရဲလား။​သွေး...​သွေး...လက်မာ​သွေး​တွေအကို​လေး" ဆိုပြီး စိုးရိမ်တကြီး ​ပြော​လေသည်။

ဟုတ်ပါတယ် သူလဲကျသွားတဲ့အချိန်မာ လက်က သစ်ချွန် တခုနဲ့ထိမိပြီး ၃လက်မ​လောက် ပြဲသွားပါသည်။....

"အား....နာတယ်..နာတယ် အ​မေ​ရေနာတယ်"ဆိုပြီး ​အော်ကြီးဟစ်ကျယ်ငို​နေ​တော့သည်။

"ဟာအကို​လေ အဲ့ဆိုရင်​တော့ ​ဆေးခန်းကို မြန်မြန်သွားရမယ် လာ"ဆိုပြီး ပစ္စည်း​တွေလည်း ချန်ထားကာ ​ဆေးခန်းကိုအမြန်​ပြေးရ​တော့သည်။

​ဆေးခန်း​ရောက်​တော့ ​နေ့လည်စာထမင်းစားမလို့ ဆရာမကပြင်​နေပါသည်။သူတို့ ​အ​ရေးကြီးသုတ်ပြာနှင့်​ပြေးလာ​တော့ လန့်ဖျန့်သွားကာ "ဟဲ့ ဘာဖြစ်လာကြလို့ အဲ့​လောက်​အော်ကြီး ဟစ်ကျယ်နဲ့​ပြေးလားရတာလည်း"

မမ​နွေ၏အ​မွှေစိန်​လေးWhere stories live. Discover now