ညနေရောက်တော့ သူဇာ့ အိမ်ကိုထမင်းစားဖို့
ထွက်လာခဲ့ကျသည်။လမ်းတနေရာတွင်"ပိုး" ဆိုပြီးအော်ခေါ်သံကြားလိုက်သည်။
"ပိုး" လှည့်လိုက်တော့ မျက်မှောင် ကျုံးလိုက်သည်။
"ဘာလည်း!!!!!နိုင်ဝင်း"
"ဟာ...နင်ကလည်းဟာ တစိမ်းဆန်လိုက်တာ
ငါမှာနင့်ကိုတွေ့ချင်လွန်းလို့ ရူးတော့မယ်သိလား""အဲ့တာ ငါဘာလုပ်ရမာလည်း။နင်ဘာသာနင်ရူးရူးပေါ့"လို့ "ပိုး" ကစိတ်တိုတိုနှင့်ပြောလိုက်သည်။
"လရောင်" ကမျက်မှောင်ကြီးကျုံ့လျက်
ကျစ်...ဆိုပြီး စုတ်သပ်လိုက်ကာ အနားမှ ထွက်လာခဲ့သည်။ခြေလှမ်း အနည်းငယ်လှမ်းပြီးတော့ စိတ်မချသလိုနဲ့ နောက်ပြန်လှည့်ကာ "ပိုး" ရဲ့လက်ကိုဆွဲပြီး "နိုင်ဝင်း"ရဲ့ရှေ့မှ ထွက်ခဲ့လေသည်။
"ပိုး" ကြောင်အန်အန်ဖြင့် နောက်ကပါလာသည်။လက်ကိုလည်း ခုချိန်ထိမလွှတ်ပေးသေးပေ။
"မမနွေ" ဘာဖြစ်လို့လည်း"
"လရောင်" လှည့်ကြည့်လာပြီး အဲ့ကောင်နဲ့ စကားအခြေအတင် ပြောနေရာကို ကြိုက်တာလားဟင်"ပိုး"က ဘာဖြစ်လို့ မြန်မြန်မထွက်လာရတာလည်းဟင်"လို့စိတ်တိုတိုနဲ့
ပြောလိုက်တော့"ပိုး" ကမျက်နှာငယ်လေးနှင့်
မျက်ရည်များ ဝဲလာကာ ငိုမဲ့မဲ့မျက်နှာလေးနှင့် သူ့ကိုကြည့်နေလေသည်။အဲ့ချိန်ကျမှ "လရောင်" ပျာပျာသလဲ ဖြစ်ကာ
"မငိုနဲ့... မငိုနဲ့နော် ပိုး.... အမကစိတ်ပူလို့အော်မိတာပါ။ ပြီးတော့အဲ့ကောင်က "ပိုး"ကိုအဲ့လိုတွေပြောနေတာ အမမကြိုက်လို့ပါ"လို့ပြောတော့ "ပိုး"ကတအံ့တဩကြည့်နေလျက်
"ဘာလို့ မကြိုက်တာလည်းဟင်" လို့မေးတော့
"အာ..အာ့ဒါက "ပိုး"က အမရဲ့ ညီမလေး လေအဲ့ကြောင့် မကြိုက်တာပေါ့" လို့အထစ်ထစ် အငေါ့ငေါ့ ပြန်ပြောလေသည်။
"Aww... ညီမလေးမို့လို့လား ...အင် ဟုတ်ကဲ့ပါ "မမနွေ"နောက်မလုပ်တော့ပါဘူးနော်။
"မမနွေ" မကြိုက်တာမလုပ်တော့ဘူးနော်
ဟီး...."ဆိုပြီးရယ်လျက်ပြန်ပြောလေမှ
"လရောင်" သက်ပြင်းချနိုင်တော့တယ်။
YOU ARE READING
မမနွေ၏အမွှေစိန်လေး
Romance-နွေလရောင်(အသက်က၂၈ အရပ်က၅ပေ၁၀) (နှလုံးသား၏စေလိုရာကိုသာ လုပ်ဆောင်သူ, "အမွှေစိန်" လေးရဲ့ပိုင်ရှင်) -ပိုးပန်းချီ (အသက်က၂၃ အရပ်က၅ပေ၂) (ရွာရဲ့အလှပဂေး ကွမ်းတောင်ကိုင်ဆိုပြီး တည်ငြိမ်တယ်မထင်လိုက်ပါနဲ့ အမွှေစိန်လေးပါ, ခရေပန်းလေးတွေကို ကြိ...