အပိုင်း(၁၈)

61 4 0
                                    

.................
       မနက်ခင်းရဲ့ ​​လေပြည်​လေနှင့်အတူနေ​ရောင်ခြည်​ဖျော့​ဖျော့​လေး​တွေက ပြတင်း​ပေါက်ဆီက​နေ ဟိုတ​ပြောက်ဒီတ​ပြောက် တိုးဝင်​နေသည်။

သူ၏ လက်ကို ကိုင်ပြီး ​ဘေး​တွေအိပ်​ပျော်​နေ​သော "ပိုး" ကိုသူ​ငေးကြည့်​နေသည်မှာ
အချိန်ဘယ်​လောက်ကြာသွားသည်မသိ။

​နေ​ရောင်ခြည်​လေး​တွေက "ပိုး" ၏မျက်နှာတ​လျှောက် ​ပြေးလွှားကစား​နေကြသည်။
​နေစူးလို့ မျက်လုံးက​လေးများ အနည်းငယ်လှုပ်သွားသည်ကို "လ​ရောင်" ​တွေ့လိုက်သည်။ သူ၏လက်ဖြင့် ​နေမထိုး​အောင် ကာ​ပေးထားလိုက်သည်။

"ညကဘယ်​လောက်​တောင်မှ ငိုထားလည်းမသိဘူး ဒီက​လေးမ ​လေးက​တော့။ မျက်လုံး​​လေး​တွေကို မို့​နေတာပဲ။ အိပ်​နေတာ​​လေးက တကယ်ကို ပိုး​ကောင် ​လေးအတိုင်းပဲ စိတ်ယားလိုက်တာ။"

"လ​ရောင်"တ​ယောက်တည်း တိုးတိုး​လေး​ရေရွတ်​နေ​လေသည်။

"မမပိုး" "မမပိုး" အမနိုးပြီးလား"

​အော်ကြီးဟစ်ကျယ်နဲ့ "​ကြေးမုံ" တ​ယောက်အခန်းထဲကိုဝင်လာသည်။ "လ​​ရောင်" က တိုးတိုး ဆိုတဲ့ အမူအရာမျိုးလုပ်ပြတာကို​တွေ့​လေသည်။

"​ကြေးမုံ" အံ့ဩသွားသည်။

"​အော် ​အေးပါကွာ လူနာက နိုးလို့​နေပြီး
မမပိုး က​တော့ အိပ်လို့​ကောင်းတုန်း တကယ်ပဲ မသိရင် သူပဲလူနာကြီး ကြ​နေတာပဲ တကယ်ပဲ"

ပွစိပွစိ နဲ့​ဘေးက​နေ ​ပြော​နေ​လေသည်။

"​ကြေးမုံ" တိုးတိုး​နေပါ "ပိုး" နိုးသွားလိမ့်မယ် သူညက ​နောက်ကျတယ်ထင်တယ် အဲ့​ကြောင့်ပါ ခန​နေ ဆင်းလာခဲ့မယ်​နော်"

"အမ​​လေး ဟုတ်ပါပြီရှင် အဖြစ်ကိုသည်းလွန်းပါတယ် တကယ်ပဲ အဆင်​ပြေတယ်ဆိုလည်းပြီးတာပဲ "​ကြေးမုံ" ဆင်း​တော့မယ်။"

မချိုမချဥ် မျက်နှာနှင့် ဆင်းသွား​လေသည်။

ခ​နကြာ​တော့ "ပိုး" ​တ​ယောက် နိုးလာ​လေသည်။ ​ဘေးကိုကြည့်လိုက်​တော့ သူ့ကို ထိုင်ပြီး ကြည့်​နေတဲ့ "လ​​ရောင်" ကိုမြင်​တော့ ချက်ချင်းပင် ငုတ်တုတ်ထထိုင်လိုက်သည်။

မမ​နွေ၏အ​မွှေစိန်​လေးWhere stories live. Discover now