......အဖေရေ...အဖေရေ....ဒီမှာဧည့်သည်တွေပါတယ်။
.....အော် သမီးလေးရေတောင်ပြန်ရောက်ပြီပဲ....ဘာလို့ပွဲပြီးတဲ့ထိ မနေခဲ့တာလည်း ဟိုမှာလည်း လုပ်ကူစရာတွေရှိတာ မလုပ်ကူပဲနဲ့ တကယ်ပဲ ဒီကလေးမလေးဟာလေ သူများတွေပြောစရာ ဖြစ်တော့မယ်။
.....ဟာ ..အမေကလည်း "ပိုး" သွားပေးတာတောင်ကျေးဇူးတင်နော်။
.....အစတည်းကမသွားချင်ပါဘူးလို့ ပြောတဲ့ဟာ သူတို့ပဲ အတင်းသူများကိုခြိမ်းခြောက်ပြီး သွားခိုင်းပြီးတော့ ဟွန့်.....
......အမလေး ဟုတ်ပါပီ ကျေးဇူးတင်ပါတယ်ရှင်။ ဒါနဲ့ဘယ်သူတွေလည်းဧည့်သည်တွေက....
....အော် သမီးလည်းမသိဘူး လမ်းမှာတွေ့တာနဲ့ ဘယ်သွားမှာလည်း မေးကြည့်တာ သူကြီးအိမ်ဆိုတာနဲ့ တခါတည်းခေါ်ခဲ့လိုက်တာ။
.......ဟ.. ဘယ်သူများလည်းလို့ "နွေလရောင်" တို့မောင်နှမတွေပါလား။ လာမယ်ဆိုတာ ကြိုပြောလေ။ ဦးလေး လာကြိုမှာပေါ့ကွာ။
.....ဟုတ်ကဲ့။ ဦးလေးတို့ အလုပ်ရှုပ်နေမှာစိုးလို့ပါ။ အေးပါ လာထိုင်ကြကွယ် နားအုန်း။
မိကြေးမုံ...မိကြေးမုံ...ရှင်.....ဘကြီးလာပြီ ။အေဒီမှာဧည့်သည်တွေအတွက် ရေနွေးကြမ်းနဲ့ လက်ဖက် ယူခဲ့အုန်း။ အရင်ဆုံး ရေခပ်ခဲ့အုန်းကွာ မောနေရောပေါ့။
အဖေ့.....ပြော သူတို့ကဘယ်သူတွေလည်း...အော် အဖေ့ငယ်သူငယ်ချင်း ရဲ့
သမီးပါ။နာမည်က"နွေလရောင်"တဲ့။....."နွေလရောင်"ဆိုပြီးတိုးတိုးလေးရေရွတ်နေမိတယ်။ဟိုဘက်ကတယောက်က ကျတော့ သူ့ရဲ့မောင်တဝမ်းကွဲ "လင်းရောင်ခေတ်"တဲ့။
ဒါကဦးလေးရဲ့ သမီး"ပိုးပန်းချီ" တဲ့။
"လရောင်"တချက်ပြုံးလိုက်တယ် လူလည်းလှသလို နာမည်လေးကလည်းလှနေတာပဲ။
တွေ့ရတာဝမ်းသာပါတယ်ညီမလေး
"ပိုးပန်းချီ" ဆိုပြီး လက်ဆွဲနှုတ်ဆက်ဖို့လက်ကိုရှေ့ထုတ်လိုက်တယ်။
YOU ARE READING
မမနွေ၏အမွှေစိန်လေး
Romance-နွေလရောင်(အသက်က၂၈ အရပ်က၅ပေ၁၀) (နှလုံးသား၏စေလိုရာကိုသာ လုပ်ဆောင်သူ, "အမွှေစိန်" လေးရဲ့ပိုင်ရှင်) -ပိုးပန်းချီ (အသက်က၂၃ အရပ်က၅ပေ၂) (ရွာရဲ့အလှပဂေး ကွမ်းတောင်ကိုင်ဆိုပြီး တည်ငြိမ်တယ်မထင်လိုက်ပါနဲ့ အမွှေစိန်လေးပါ, ခရေပန်းလေးတွေကို ကြိ...