..................
"မိပုတို့ အုပ်စုပြော နေကြတာလေ "နိုင်ဝင်း" ဆိုတဲ့ကောင်က သီတင်းကျွတ်ပွဲနေ့ကျရင် "မမပိုး" ကသူ့ကို အဖြေပေးမယ်ဆိုတဲ့""ကြေးမုံ" နင်မို့လို့ သူတို့ပြောတာယုံတယ်
တကယ်ပဲ အံ့ဩပါ့""မမပိုး" ကလည်းမယုံပါဘူး သူတို့အတင်းတွေရှောက်ရှောက်ပြောနေကြတာ အဲ့တာ
"မမပိုး" ဘာမှမလုပ်ဘူးလားလို့မေးတာ""ပြောချင်တာတွေ ပြောစမ်းပါအေ ငါဂရုမစိုက်ပါဘူး ငါမှမဟုတ်တာ"
"ကြေးမုံ"တယောက် အံ့ဩမင်သက်သွားသည်။ အရင်ကဆို သူ့ကို အဲ့လိုမျိုးမဟုတ်တာတွေ ရှောက်ရှောက်ပြောရင် ဒီလိုငြိမ်ခံနေတဲ့ လူစားမျိုးမှ မဟုတ်တာ။
ပြန်ပြီးတော့ရန်သွားလုပ် ရန်တွေသွားဖြစ်ကြတာ အခုကြတော့ ဒီလိုမျိုး အတင်းတွေပြောတာ ခနခန ကြားနေတာတောင် အရမ်းကိုတည်ငြိမ် နေတယ်။.
"မမပိုး" တခုခုများ ပြုစားထားတာလားဟင်"
"ကြေးမုံ" နင်ကတော့ မဟုတ်တာတွေ ပြောတော့မယ်။ ငါကတိပေးထားလို့ပါ"
"ဟမ်!!!!ဘယ်သူ့ကိုလည်း"
"မမနွေ" ကို သူမရှိတုန်း ရန်မဖြစ်ပါဘူးလို့
ကတိ ပေးထားတာ အဲ့ကြောင့် ငါငြိမ်နေတာသိပြီလား မဟုတ်ရင် နင့် "မမပိုး" ကဒီလိုငြိမ်နေမဲ့ လူစားမျိုးလား ဟမ်!!!!!" ဆိုပြီး ခါးထောက်ကာ စိတ်ဆိုးဆိုးနှင့်ပြောလိုက်သည်။မဟုတ်ရင်"ကြေးမုံ" တယောက် စကားပြတ်တော့မာမဟုတ်။..
"Aww.. အဲ့လိုလား..ဘာ..."
"ဘာမှ မဘာနဲ့ အဲ့တိုင်းပဲ ပြန်မမေးနဲ့ သွားတော့ ဒေါ်လေးဆီကို" ဆိုပြီး မောင်းထုတ်လေသည်။
"ပိုး"တယောက် ခုရက်ပိုင်း ဒေါသတွေ ခနခနထွက်နေမိတယ် နည်းနည်းလေးဆိုလည်းစိတ်ဆက် နေမိတယ်။
အကြောင်းရင်းကတော့ ဘာဖြစ်လို့လည်းဆိုတာ မသေချာမရေရာ။"မမနွေ"ကိုပဲ လွမ်းနေမိလို့များလား။သူပြန်ကော ပြန်လာပါ့မလား။
YOU ARE READING
မမနွေ၏အမွှေစိန်လေး
Romance-နွေလရောင်(အသက်က၂၈ အရပ်က၅ပေ၁၀) (နှလုံးသား၏စေလိုရာကိုသာ လုပ်ဆောင်သူ, "အမွှေစိန်" လေးရဲ့ပိုင်ရှင်) -ပိုးပန်းချီ (အသက်က၂၃ အရပ်က၅ပေ၂) (ရွာရဲ့အလှပဂေး ကွမ်းတောင်ကိုင်ဆိုပြီး တည်ငြိမ်တယ်မထင်လိုက်ပါနဲ့ အမွှေစိန်လေးပါ, ခရေပန်းလေးတွေကို ကြိ...