..........."ပိုး" တယောက်ကတော့ ဝိုင်းစက်ရွှန်းပနေတဲ့ စန္ဒါလမင်းကြီးကို မော့ကြည့်ရင်း မျက်ရည်ဥတွေက ပါးပြင်တလျှောက်
ပေါ်သို့ တရွေ့ရွေ့ ကျဆင်းနေလေသည်"ကျဆင်းနေတဲ့ မျက်ရည်တွေကို လက်နဲ့ခပ်ဖြည်းဖြည်းသုတ်ရင်း အိမ်ထဲသို့ ဝင်ရန်သွားလေတော့သည်။ ဆီမီးတွေလည်း အားလုံးငြိမ်းသွားပြီ ဖြစ်တဲ့အတွက် ခြံဝန်းတခုလုံး မှောင်မဲလို့နေပြီ။ လရောင်၏အလင်းရောင်ကို အားပြုပြီး သွားလေသည်။
ထိုစဥ် နောက်ကနေ တယောက်ယောက်က သူမ၏ လက်ကို လှမ်းဆွဲလိုက်သည်။
"ပိုး" သည်လန့်ဖျန့်ကာ နောက်သို့လှည့်ကြည့်လိုက်သည်။"ပိုး" ၏မျက်နှာ တပြင်လုံး အံ့ဩသွားသည်ပုံစံမျိုး ဖြစ်ကာ တွေ့လိုက်ရသည့်အရာကိုမယုံကြည်နိုင် ဖြစ်နေပြီး ခနမျှကြောင်အန်းကာရပ်နေမိသည်။ထိုစဥ် သတိဝင်လာပြီး
"မမနွေ!!!မမနွေ!!!! ဘယ်...ဘယ်လိုဖြစ်လာတာလည်း တကိုယ်လုံးလည်း စိုရွှဲနေတာပဲ
ပြီးတော့ အေးစက်နေတာပဲ" ဆိုပြီး အသံတွေက တုန်တုန်ယင်ယင် နှင့် စိတ်မကောင်းစွာ မေးလေသည်။"ပိုး" မမ ဘာမှမဖြစ်ပါဘူး ပိုး ကိုကတိပေးထားတဲ့ အတိုင်း မမ အရောက်လာတာပါ
ခနနေ ကျရင်ပွဲစျေး သွားကြမယ်နော် မမ အဝတ်အစား လှဲပြီးရင်""အဲ့တာက အရေးကြီးလို့လား မမနွေ ရဲ့ ခုအခြေအနေက အနားယူဖို့လိုနေပြီ လာ သွားမယ် အပေါ်ကိုသွားရအောင်" ဆိုပြီး တွဲကူကာ အိမ်ပေါ်သို့ သွားရန် ပြင်လေသည်။
အချိန်ကား ၁၀နာရီကျော်ပြီဖြစ်တဲ့အတွက် တအိမ်လုံး အိပ်မောကျနေလေပြီ။
"ရတယ် "ပိုး" မမ ဘာမှမဖြစ်ဘူး သွားမယ်
သွားမယ်" ဆိုပြီး မောဟိုက်ကာ ပြောနေလေသည်။ မျက်လုံးတောင် အနိုင်နိုင်ဖွင့်နေရသည်။"ဘာကို ရ ရမှာလည်း မရဘူး နောက်နေ့မှသွားလည်း ဘာမှမဖြစ်ဘူး အခုကနားရမယ်"
"ရတယ်လို့ "ပိုး" ရဲ့ ဘာမှစိတ်မပူနဲ့" ဆိုပြီး ပြောကာ ရှေ့သို့သွားမည်အလုပ် "လရောင်" သည် မေ့မျောကာသွားလေတော့သည်။
YOU ARE READING
မမနွေ၏အမွှေစိန်လေး
Romance-နွေလရောင်(အသက်က၂၈ အရပ်က၅ပေ၁၀) (နှလုံးသား၏စေလိုရာကိုသာ လုပ်ဆောင်သူ, "အမွှေစိန်" လေးရဲ့ပိုင်ရှင်) -ပိုးပန်းချီ (အသက်က၂၃ အရပ်က၅ပေ၂) (ရွာရဲ့အလှပဂေး ကွမ်းတောင်ကိုင်ဆိုပြီး တည်ငြိမ်တယ်မထင်လိုက်ပါနဲ့ အမွှေစိန်လေးပါ, ခရေပန်းလေးတွေကို ကြိ...