"ညီမတော်ကိုခေါ်ရတဲ့အကြောင်းအရင်းရှိသလားအကိုတော်"ရတနာ့ကိုနန်းဆောင်အပြင်ဘက်ခရေပင်ကြီးနားအခေါ်တော်လွှတ်လိုက်တာကြောင့်သူရောက်လာခြင်းပင်။ဘာများအရေးကြီးကိစ်စရှိသလဲမသိ။ပြိုင်ပွဲကပြန်လာပြီးနောက်နေ့ရောက်တာနဲ့ခေါ်တာကို။
"ညီမတော်မေးတဲ့အဖြေကိုသိပြီထင်တယ်"
အကိုတော့်စကားကြောင့်ရတနာရင်ထဲလှိုင်နေအောင်ပွင့်နေတဲ့ပန်းခင်းကြီးပမာ။ပျော်ရွှင်ခြင်းကိုလည်းထပ်တူခံစားလိုက်ရသည်။ဖြေလာမဲ့အဖြေကိုသိသော်လည်း ကြားချင်သည်။နွေးထွေးမှုကသည်လိုပါလားဆိုပြီးပြောပြချင်သည်။
"သိလိုက်ရတာက....."
"....."
"သံယောဇဉ်ပါပဲ!"
ပြုံးနေတဲ့ရတနာမျက်နှာညိုးသွားသလိုတိုက်ခတ်နေတဲ့လေတွေဟာလည်းငြိမ်သက်သွားသည်။
"အကိုတော် ညာတယ်"
"ဘာလို့လဲ"
ရတနာ့ကိုစိုက်ကြည့်ပြီးမေးလာပေမယ့်ရင်းမျက်ဝန်းတွေညိုမှိုင်းနေခဲ့သည်။သေချာဆုံးဖြတ်ပြီးမှပြောတဲ့ပုံဖြစ်သော်လည်းအဖြေသည်မှန်ကန်ကြောင်းသက်သေမပြနိုင်။ထိုသို့သောအရာကိုလိမ်ညာသည်ဟုသာခေါင်းစဉ်တပ်နိုင်ပါ၏။
"အချစ်နဲ့သံယောဇဉ်ကိုမခွဲတတ်အောင်အကိုတော်က ငယ်ရွယ်နေတဲ့သူမဟုတ်ပါဘူး အကိုတော်လိမ်တာမပီသဘူး"
"ဘာလို့လိမ်ရမှာလဲ သူရှိနေရင်စိတ်သက်သာတယ် သူမရှိပြန်ရင်လွမ်းဆွေးနေတယ် သူ့ကိုဂရုစိုက်သလိုအခြားသူကိုလည်းဂရုစိုက်တယ် တူညီတဲ့အဖြေထွက်လာတာရှင်းပါတယ် သံယောဇဉ်လို့ခေါ်တဲ့ အရာကိုအတည်ပြုတာ"
"အကိုတော်က သံယောဇဉ်ဖြစ်မှာပါဆိုတာကြီးကိုအတည်ပြုနေလို့ပါ အချစ်ဖြစ်နိုင်တာပဲဆိုတာကိုအတည်ပြုကြည့်ပါ ဒီအဖြေမှားနေတယ်လို့ညီမတော်ယူဆကြည့်ပါ့မယ်"
သေချာစဉ်းစားသည်။ထပ်ခါတလဲလဲစဉ်းစားသည်။ခေါင်းတစ်ခုလုံးဗလာဖြစ်သွားအောင်ထိစဉ်းစားပေမယ့်အဖြေသည်တိကျစွာထွက်မလာပေ။ဒါကြောင့်သာ သံယောဇဉ်ဆိုတာကိုအမည်လွှဲချခဲ့တာ။
YOU ARE READING
တစ်ပွင့်တည်းသောပန်းပွင့်ငယ်(S-1)
Любовные романыနှလုံးသားထဲကိုတိုက်ရိုက်ဝင်လာသူမလို့ပြန်လွှတ်ဖို့တော့ကိုယ်တော်စဉ်းစားရမှာပေါ့။ start-22.9.2024 end-6.11.2024